လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ
ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်အနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတဆင့် ငွေလွှဲခ “ အခမဲ့” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်သောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။
mBanking နှင့် iBanking တို့မှတဆင့် အသုံးပြုနိုင်သော ငွေလွှဲဝန်ဆောင်မှုများမှာ Fast Transfer၊ Transfer Other (KBZ-KBZ) နှင့် Multiple Internal Account Transfer တို့ဖြစ်ပါသည်။ ထို့အပြင် ဘေလ်ပေးဆောင်ခြင်း နှင့် အကောင့်လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွားရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။
ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။