လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ
ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအနေဖြင့် အောက်တိုဘာလအတွင်း KBZ mBanking နှင့် iBanking တို့မှတဆင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းအတွက် မြန်မာကျပ်ငွေကို မည်သည့် ငွေလွှဲပမာဏမဆို ငွေလွှဲခ “ အခမဲ့” ဖြင့် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
mBanking နှင့် iBanking တို့မှတဆင့် အသုံးပြုနိုင်သော ငွေလွှဲဝန်ဆောင်မှုများမှာ Fast Transfer၊ Transfer Other (KBZ-KBZ) နှင့် Multiple Internal Account Transfer တို့ဖြစ်ပါသည်။ ထို့အပြင် ဘေလ်ပေးဆောင်ခြင်း နှင့် အကောင့်လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွားရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။
ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။