လူကြီးမင်းတို့ရဲ့ ကမ္ဘောဇဘဏ်မှာအပ်နှံထားတဲ့ စုဆောင်းငွေကို ပိုမိုစိတ်တိုင်းကျစွာစီမံနိုင်ဖို့အတွက် SecureFlex အကောင့်ကို စတင်မိတ်ဆက်လိုက်ပါပြီ။
SecureFlex မှာဆိုရင် အကောင့်နှစ်ခုဖွဲ့စည်းပုံနဲ့ ပြုလုပ်ထားပြီးအတိုးနှုန်းမြင့်မားစွာဖြင့် စာရင်းသေအပ်ငွေစုဆောင်းရင်း လိုအပ်တဲ့အချိန်များတွင်လည်း အတိုးနှုန်း မနစ်နာစေဘဲ အလွယ်တကူ ပြန်လည် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါတယ်။
■ ပထမအကောင့် (Main Account) မှာတော့ အပ်နှံထားတဲ့ ငွေပမာဏရဲ့ ၇၀% ကို Fixed Deposit Account အနေဖြင့် အပ်ငွေပမာဏကို ထိန်းထားမှာဖြစ်ပြီး အမြင့်ဆုံး ၁၂ % အထိ အတိုးနှုန်း ကိုရရှိမှာဖြစ်ပါတယ်။
■ ဒုတိယအကောင့် (Secondary Account) မှာတော့ သတ်မှတ်ထားတဲ့ အရေးပေါ်အပ်ငွေပမာဏ ၃၀% ကို Saving Account အနေဖြင့် ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပြီး မတူညီတဲ့ အတိုးနှုန်းထားများဖြင့် မထုတ်ယူလျှင် အများဆုံး (11.25%အထိ) သော်လည်းကောင်း၊ ထုတ်ယူလျှင် ထုတ်ယူသည့် ပမာဏပေါ်တွင် အများဆုံး (၆%အထိ) သော်လည်းကောင်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
SecureFlex ကို အသက် (၁၈) နှစ်နဲ့အထက်ရှိသူတိုင်းဖွင့်နိုင်ပြီး လာရောက်ဖွင့်ချိန်မှာ စတင်အပ်နှံငွေအနေနဲ့ ၁၀ သိန်းကျပ်ထားရှိရမှာဖြစ်ပါတယ်။
ငွေအပ်နှံတဲ့အခါ ရက်ကာလအပိုင်းအခြားအနေနဲ့ ရက်ပေါင်း ၉၀၊ ၁၈၀၊ ၃၆၀ သတ်မှတ်ထားပြီး မိမိရွေးချယ်တဲ့ ကာလပေါ်မှာ မူတည်ကာ အတိုးနှုန်းအမြင့်ဆုံးကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီကာစိတ်တိုင်းကျ စီမံနိုင်တဲ့ SecureFlexအကောင့်ကို အခုပဲ နီးစပ်ရာကမ္ဘောဇဘဏ်များမှာသွားရောက်ဖွင့်လှစ်ပါ။