ချစ်ခင်လေးစားရတဲ့ Customers များအတွက် ငွေကြေးပိုင်းဆိုင်ရာ အကျိုးခံစားခွင့်များအပြင် Dai-ichi Guard (KBZ Protect) အသက်အာမခံကိုပါ အခမဲ့ရရှိနိုင်မယ့် ကမ္ဘောဇဘဏ်ရဲ့ အထူးအခွင့်အရေးကြီးအကြောင်း ကြေညာပေးချင်ပါတယ်။
ဒီအထူးအစီအစဉ်မှာဆိုရင် –
✦ Eaxi Account (လူပုဂ္ဂိုလ်စာရင်းရှင်အပ်ငွေစာရင်း – Current Account Individual)
✦ Savings Account (ငွေစုဘဏ်အပ်ငွေစာရင်း)
✦ Fixed Deposit Account (စာရင်းသေအပ်ငွေစာရင်း) တို့ကို အသစ်ဖွင့်လှစ်ပြီး ငွေကျပ် (၁)သိန်းကျပ်နှင့်အထက် အပ်နှံထားရှိသူတိုင်းအတွက် အသက်ဆုံးပါးမှု၊ ထာဝစဉ် မသန်စွမ်းဖြစ်မှုများမှာ ကာကွယ်မှုရရှိနိုင်မယ့် Dai-ichi Guard (KBZ Protect) အသက်အာမခံကို (၆) လစာတိတိအကာအကွယ် ရရှိမှာ ဖြစ်ပါတယ်။
ယခုအစီအစဥ်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ဇူလိုင် ၃၁ ရက် ၂၀၂၅ ခုနှစ်ထိ ပြုလုပ်သွားမှာဖြစ်ပြီး Dai-ichi Counter ရှိသော ကမ္ဘောဇဘဏ်ခွဲတိုင်းတွင်ဘဏ်စာရင်းအသစ်ဖွင့်ရင်း အသက်အာမခံအကာအကွယ် ရယူနိုင်ပါတယ်။ (ဘဏ်ခွဲစာရင်း – https://bit.ly/4c6FMwo)။
ငွေကြေးကိစ္စများစွာ လွယ်ကူစွာစီမံကာ စိတ်ချမ်းသာမှုနှင့် လုံခြုံမှုကို တစ်ပါတည်း ခံစားနိုင်စေဖို့ ယခုအခွင့်အရေးမှာ အမြန် ပါဝင်လိုက်ရအောင်။
စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များ ရှိပါသည်။