စာရင်းသေအပ်ငွေစာရင်းအား အသစ်ဖွင့်လှစ်လိုသည့် Customer များအနေဖြင့် ဘဏ်ခွဲသို့လာရောက်စရာမလိုအပ်ဘဲ KBZ iBanking (သို့) mBanking ရှိရုံဖြင့် စာရင်းကို လွယ်ကူစွာဖွင့်လှစ်နိုင်ပြီး တစ်နှစ်လျှင်အတိုးနှုန်း ၈.၅% အထိရယူခံစားနိုင်ပါပြီ။ စာရင်းဖွင့်ရာတွင် Individual အကောင့် နှင့် Corporate/Business အကောင့် စသည်ဖြင့်ဖွင့်လှစ်နိုင်ပြီး ကနဦးအပ်နှံငွေအား မိမိ၏ ပုံမှန်အပ်ငွေစာရင်းများ (ငွေစုဘဏ်၊ ခေါ်ယူ၊ စာရင်းရှင်) တို့မှလွှဲပြောင်းကာ ဖွင့်လှစ်နိုင်ပါတယ်။
KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်နိုင်သော စာရင်းသေအပ်ငွေစာရင်း ကာလအပိုင်းအခြားများနှင့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
စာရင်းသေအပ်ငွေစာရင်းအား KBZ mBanking မှ ဖွင့်လှစ်ပုံအဆင့်ဆင့်
၁. KBZ mBanking သို့ login ဝင်ပါ။
၂. KBZ mBanking ၏ ဘယ်ဘက်အပေါ်ဒေါင့်ရှိ hamburger menu (လိုင်းသုံးလိုင်း) ကိုနှိပ်ပါ။
၃. ထို့နောက် Accounts ထဲသို့ဝင်ကာ Open Term Deposit ကိုရွေးချယ်ပြီး Individual အကောင့် နှင့် Corporate/Business အကောင့် စသည်ဖြင့်ဖွင့်လှစ်နိုင်ပါသည်။
စာရင်းသေအပ်ငွေစာရင်းအား KBZ iBanking မှ ဖွင့်လှစ်ပုံအဆင့်ဆင့်
၁. KBZ iBanking သို့ https://ibanking.kbzbank.com/B001/login.jsp မှတဆင့် login ဝင်ပါ။
၂. ဘယ်ဘက် menu တွင်ရှိသော Account သို့နှိပ်ပြီး Open Term Deposit ကိုဆက်လက်ရွေးချယ်ကာ Individual (Single) အကောင့် နှင့် Corporate/Business အကောင့် ကို ရွေးချယ်ဖွင့်လှစ်နိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို KBZ Call Center 8555 (Non MPT user), 09951018555 (MPT User) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
iBanking သို့ login ဝင်ရန် – KBZ iBanking
mBanking အက်ပလီကေးရှင်းအား ဒေါင်းလုတ်ရယူရန်
Andriod – https://bit.ly/3GKG3ra
App Gallery – https://bit.ly/3tanfM2
iOs – https://apple.co/3m9ZAYt