ချစ်ခင်လေးစားရပါသော ကမ္ဘောဇဘဏ်၏ Customer များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ငွေစုဘဏ်အပ်ငွေစာရင်းများတွင် အပ်နှံသည့် အချိန်ကာလကို ပုံမှန်ထက် ပိုမိုတိုးမြှင့်ထားကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ အတိုးနှုန်းများ ဝေဆာတိုးပွားစွာ ရရှိနိုင်ဖို့အတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအထိ (၃) လတာ အစီအစဉ်ကာလအတွင်း
✦ အပ်ငွေအတွက် ပုံမှန်အတိုးတွက်ချက်ရက်များဖြစ်တဲ့ လစဉ် လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့များအစား
✦ လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့များအထိ တိုးမြှင့်ထားပြီဖြစ်ပါတယ်။
ယခုအစီအစဥ်မှာ ကမ္ဘောဇဘဏ်ရဲ့ ငွေစုဘဏ်အပ်ငွေစာရင်းများအားလုံး (Savings Account၊ Special Cash Savings Account နဲ့ Minor Account များ) ပါဝင်တာကြောင့် ဒီအခွင့်အရေးကို အရယူနိုင်ဖို့ အသိပေးကြေညာလိုက်ပါတယ်။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။