Marketplace မှာ အိမ်အတွက်လိုအပ်တာများဝယ် နေ့စဥ်ပြန်အမ်းငွေရယူမယ်

Marketplace by City Mart မှာအိမ်အတွက်လိုအပ်တာတွေဝယ်ရင်း KBZ Credit Card တွေနဲ့ ငွေပေးချေမယ်ဆိုရင် ပြန်အမ်းငွေများရရှိနိုင်မယ့်အစီအစဥ်ကောင်းတစ်ခုရှိလို့နေပါပြီ။ ဒီအစီအစဥ်မှာဆိုရင်- 

✤ marketplace – Golden Valley 

✤ marketplace – 6.5 Miles

✤ marketplace – Junction City တို့မှာ ဘောင်ချာတစ်စောင်လျှင် ၁၅၀,၀၀၀ ကျပ်နှင့်အထက်စျေးဝယ်ပြီး KBZ POS တွေမှာ ငွေပေးချေတဲ့အခါ 5% Cashback အများဆုံး ၁၂,၀၀၀ ကျပ်အထိပြန်အမ်းငွေများရယူနိုင်မှာဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် KBZ Credit Card အမျိုးအစားတွေကတော့ MPU, UPI, VISA အားလုံးအကျုံးဝင်မှာဖြစ်ပါတယ်။ 

ပြန်အမ်းငွေများကိုတော့ Credit Card တစ်ကတ်လျှင်တစ်နေ့ကိုတစ်ကြိမ်သာ ရရှိနိုင်မှာဖြစ်ပြီး အစီအစဥ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက် မှ ၃၀ ရက်နေ့အထိ (၁၆) ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ကြောင်းအသိပေးချင်ပါတယ်။  

ဒါ့အပြင် နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၁၅ ရက် ၂၀၂၄ခုနှစ်အတွင်း နီးစပ်ရာKBZ Bank များမှာ KBZ Credit Card အသစ်လျှောက်ထားမယ်ဆိုရင်တော့ application form မှာ ပရိုမိုကုတ် (KBZMP2024) ကိုဖြည့်စွက်လျှောက်ထားနိုင်ပြီး

Credit Card ကတ်ရရှိပြီးချိန်မှာတော့  KBZ POS များရှိသော မည်သည့်ဆိုင်များတွင်မဆို ၁၀,၀၀၀ ကျပ်နဲ့အထက် ငွေပေးချေတဲ့အခါ ပြန်အမ်းငွေ ၁၀,၀၀၀ ကျပ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။  ပြန်အမ်းငွေကိုတော့ အစီအစဉ်ကာလအတွင်းမှာ တစ်ကြိမ်သာ ရရှိနိုင်မှာဖြစ်ပါတယ်။ 

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ 

အစီအစဥ်အကြောင်း အသေးစိတ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ။