တူနှစ်ကိုယ်ဘဝလေးစတင်ဖို့ရာ မင်္ဂလာစုဘူးအကောင့်ဟာ အရေးပါ

စိတ်ကူးအိပ်မက်ထားတဲ့ နှစ်ကိုယ်တူဘဝလေးကိုထူထောင်ဖို့ မင်္ဂလာလက်ထပ်ပွဲကျင်းပကြမယ့် ချစ်သူစုံတွဲများအတွက် မင်္ဂလာစုဘူးအကောင့် (Wedding Savings Account) ဖွင့်လှစ်ရင်း အထူးအခွင့်အရေးများကို ရရှိနိုင်မယ့်အစီအစဉ်တစ်ခုကို ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်ပါပြီ။

ပါဝင်ရန်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း မင်္ဂလာစုဘူးအကောင့်ကို ကနဦးအပ်နှံငွေ အနည်းဆုံး (၁၀၀,၀၀၀) ကျပ်နဲ့ ဘဏ်စာရင်းသစ်ဖွင့်လှစ်ပြီး လစဉ်ပုံမှန် စုဆောင်းရုံနဲ့  –

▪️Ngwe Saung Yacht Club Hotel တွင် ၂ ညအိပ် ၃ ရက်၊ နှစ်ယောက်တည်းခိုခွင့်ကူပွန်
▪️Amata Garden Resort Inle Lake Hotel တွင် ၂ ညအိပ် ၃ ရက်၊ နှစ်ယောက်တည်းခိုခွင့်ကူပွန်
▪️Seeds Restaurant & Lounge တွင် နှစ်ယောက်စာ ညစာစားခွင့်ကူပွန်
▪️ပုဂံတွင် နှစ်ယောက်စာ မီးပုံးပျံစီးနင်းခွင့်ကူပွန် စတဲ့ဆုများကို ကံထူးခွင့်ရရှိမှာဖြစ်ပါတယ်။ 

အစီအစဉ်ကာလကတော့ ဇူလိုင်လ (၅) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့၊ ၂၀၂၄ ခုနှစ်အထိဖြစ်ပါတယ်။ 

ကံထူးရှင်များကိုတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ ကမ္ဘောဇဘဏ်ရဲ့ Official Communication Channels များမှာ ကြေညာသွားမှာဖြစ်ပါတယ်။

မင်္ဂလာစုဘူးအကောင့်ဟာ မင်္ဂလာပွဲတစ်ပွဲရဲ့ ငွေကြေးလိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်ပေးပြီး သက်တမ်းပြည့်ချိန်မှာလည်း  Wedding Services များ၊ ဟိုတယ်များ၊ ခရီးသွား Packages များအတွက် သက်သာခွင့်အမျိုးမျိုး ရရှိစေတဲ့ ငွေစာရင်းဖြစ်ပါတယ်။ ချစ်သူစုံတွဲများအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်တာမို့ အခုပဲ ဒီအစီအစဉ်မှာပါဝင်ပြီး Romantic Experience လေးတစ်ခုပိုင်ဆိုင်ဖို့ ကံစမ်းလိုက်ရအောင်။
မင်္ဂလာစုဘူးအကောင့်အကြောင်း အသေးစိတ်ကို ဒီလင့်ခ် (https://bit.ly/4bJRmhS) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;