Senior Care Savings Account ဖွင့်ပြီး မွေးနေ့လက်ဆောင်ရယူပါ

လစဥ်အတိုးရနိုင်မယ့် ငွေစုအကောင့်ဖွင့်ဖို့စဥ်းစားနေတဲ့လူကြီးမင်းများအတွက် KBZ Senior Care Savings Account ရှိလို့နေပါပြီ။ 

KBZ Senior Care Savings Account ဟာ အသက် ၆၀ နှစ်နှင့် အထက် လူကြီးမင်းများအတွက် ရည်ရွယ်ထားတာဖြစ်ပြီး မြန်ဆန်တဲ့ဝန်ဆောင်မှုများနဲ့အတူ ပိုမိုမြင့်မားတဲ့အတိုးနှုန်းများကိုလည်း ဝေဝေဆာဆာရရှိနိုင်မှာဖြစ်ပါတယ်။ KBZ Senior Care Savings အကောင့်ကို အသက် ၆၀ နှင့်အထက်လူကြီးများဖွင့်နိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်မှ မတ် ၃၁ ရက် ၂၀၂၅ ခုနှစ်အတွင်း အကောင့်လာရောက်ဖွင့်ပါက မွေးနေ့လက်ဆောင်များပေးသွားဦးမှာဖြစ်ပါတယ်။ 

ဒီအစီအစဥ်မှာပါဝင်ဖို့အတွက်ဆိုရင်တော့ – သတ်မှတ်ထားတဲ့အစီအစဉ်ကာလဖြစ်တဲ့

  • ဖေဖော်ဝါရီ ၃ ရက်မှ မတ် ၃၁ ရက် ၂၀၂၅ ခုနှစ်အတွင်း အကောင့်လာရောက်ဖွင့်ရပါမယ်။  
  • Senior Care Savings Account ထဲသို့ ငွေကျပ် (၁၀၀,၀၀၀) ကျပ်အနည်းဆုံးထည့်သွင်းရန်လိုအပ်ပါတယ်။
  • မွေးနေ့ရှင်များအတွက် အထူးလက်ဆောင်အနေနဲ့ Medical Check-up Coupon သို့မဟုတ် Nutritional Supplements များလက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။

လူကြီးများအနေနဲ့ Senior Care Savings Account ကို ရွေးချယ်ဖွင့်လှစ်ထားတဲ့အခါ ရနိုင်မယ့်အကျိုးကျေးဇူးတွေကတော့ 

  • အများအဆုံး 10% အထိ အတိုးရရှိနိုင်မှု
  • လစဥ်အသုံးပြုလိုတာတွေကို သုံးနိုင်ဖို့အတွက်လစဉ်အတိုး ရရှိနိုင်မှု
  • မည်သည့်ဘဏ်ခွဲတွင်မဆို ဦးစားပေးဝန်ဆောင်မှုများကိုရရှိနိုင်မှာဖြစ်ပါတယ်။

ယခုအစီအစဥ်အတွက် လူကြီးများအနေနဲ့ အကောင့်ဖွင့်လှစ်လိုပါက မွေးနေ့လက်ဆောင်အရေအတွက် အကန့်အသတ်ရှိတဲ့အတွက် အမြန်ဆုံးလာရောက်ဖွင့်လှစ်နိုင်ပြီး မွေးနေ့လက်ဆောင်များကို ထုတ်ယူရန် ဘဏ်မှဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ 

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။