KBZ mBanking အသုံးပြုသူများအနေနဲ့ ငွေသား ၁သိန်းကံထူးနိုင်တာကို သိပြီးပြီလား?
KBZ mBanking အသုံးပြုသူတစ်ယောက်စီတိုင်း KBZ mBanking မှာရှိတဲ့ “Transfer Other” feature ကိုအသုံးပြုပြီး ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းသို့ ၂၄နာရီ ပိတ်ရက်မရှိငွေလွှဲပြီး ငွေသားကံစမ်းနိုင်မယ့် အခွင့်အရေးကိုရရှိနိုင်မှာပါ။ အစီအစဉ် ကာလကတော့ ဩဂုတ်လ ၁၈ ရက်ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖြစ်ပြီး ပါဝင်သူများထဲမှ ကံထူးရှင်များကို ရွေးချယ်သွားမှာဖြစ်လို့ KBZ mBanking ရဲ့ “Transfer Other” feature နဲ့ ငွေလွှဲလိုက်ပါ။
တိကျသေချာတဲ့ငွေလွှဲမှုဖြစ်ဖို့နဲ့ များပြားတဲ့ငွေပမာဏကို “Transfer Other” features ကတဆင့်လွှဲတော့မယ်ဆိုရင် ပထမဦးစွာ Beneficiary Account ကိုထည့်သွင်းဖို့လိုပါတယ်။ အဲ့ဒီအတွက် Beneficiary Account ပြုလုပ်ပုံလေးကိုလည်းဖော်ပြပေးလိုက်ရပါတယ်။
အဆင့် ၁ – KBZ mbanking Home Menu မှာရှိတဲ့ “Beneficiary Maintenance” ကိုနှိပ်ပြီး “Internal” ကိုရွေးချယ်ပါ။
အဆင့် ၂ – Beneficiary Account စတင်သတ်မှတ်ဖို့ “+” icon လေးကိုနှိပ်ပါ။
အဆင့် ၃ – “Beneficiary Info” ပေါ်လာတဲ့အခါ ငွေလက်ခံသူအတွက် နာမည်အတိုကောက်ကို စတင်ထည့်သွင်းပေးဖို့လိုအပ်ပါတယ်။
အဆင့် ၄ – ထို့နောက် ဘဏ်အကောင့်နံပါတ် ထည့်သွင်းပြီး ဘေးက အမှန်ခြစ်လေးနှိပ်လိုက်တာနဲ့ ဘဏ်အကောင့်အသုံးပြုသူအမည် အလိုအလျောက်ပေါ်လာမှာ ဖြစ်ပါတယ်။ အထက်ပါအချက်အလက်များဖြည့်သွင်းပြီးတဲ့အခါ ထပ်မံစစ်ဆေးပြီး “Submit” ကိုနှိပ်ပါ။
အဆင့် ၅ – နောက်ဆုံးအဆင့်အနေနဲ့ Beneficiary Account ကို Verification ပြုလုပ်ရန် SMS သို့ပေးပို့လာတဲ့ OTP code ကိုထည့်သွင်းလိုက်ပါ။
အထက်ပါနည်းလမ်းအတိုင်း လွယ်လွယ်ကူကူနဲ့ Beneficiary Account တစ်ခုကို အချိန်တိုအတွင်း ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
ယခုအစီအစဉ်အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက KBZ Bank Call Center: 09951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ ပါဝင်ပါသည်။