ငွေလွှဲလက်ခံယူ ရွှေသားဆုများကံထူးကြစို့အတူ

ဤ Campaign မှာ Western Union ဖြင့် ကမ္ဘာတဝှမ်းမှ လွှဲပို့ငွေတွေကို ကမ္ဘောဇဘဏ်မှာ လက်ခံထုတ်ယူရင်း  ရွှေသားဆုများကံထူးနိုင်မယ့် Campaign ဖြစ်ပါတယ်။

ပါဝင်ကံထူးဖို့ဆိုရင်   Western Union ရဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး ပြည်ပလွှဲပို့ငွေလက်ခံထုတ်ယူခြင်း အနည်းဆုံး ၅၀၀,၀၀၀ ကျပ် မှစတင်၍ ကံထူးခွင့်ရရှိမှာဖြစ်ပါတယ်။ အနည်းဆုံး ၅၀၀,၀၀၀ ကျပ်မှစတင် လက်ခံလိုက်ရုံနှင့် အထူးအစီအစဥ်မှာပါဝင်ပြီးဖြစ်ပါတယ်။ ရရှိမယ့်ရွှေသားဆုများကတော့- 

✦ ပထမဆု – ၅ မူးသား (၁) ဆု

✦ ဒုတိယဆု – ၁ မတ်သား (၄) ဆုတို့ပဲဖြစ်ပါတယ်။ 

ကမ္ဘောဇဘဏ် နှင့် Western Union တို့ပူးပေါင်းပြီးပြုလုပ်တဲ့ မြန်မာ့နှစ်သစ်ကူးအချိန်ကာလ ရွှေသားဆုများကံထူးနိုင်တဲ့အစီအစဥ်ကို မတ်လ (၂၅) ရက်နေ့ မှစတင်ပြီး မေလ (၃၁) ရက် ၂၀၂၄ ခုနှစ် အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ငွေလွှဲမှုများကို Western Union မှတဆင့် KBZ Bank Account ထဲသို့တိုက်ရိုက် ဖြည့်သွင်းခြင်းဖြင့်သော်လည်းကောင်း၊ KBZPay Wallet ထဲသို့ တိုက်ရိုက် ဖြည့်သွင်းခြင်းဖြင့်သော်လည်းကောင်း၊ နီးစပ်ရာဘဏ်ခွဲများတွင် ငွေသားထုတ်ယူခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။

အထက်ပါ Campaign နှင့်ပက်သက်ပြီး Western Union မှငွေလွှဲလက်ခံယူရင်း ရွှေသားဆုကံထူးသွားသူများကို ဖော်ပြပေးလိုက်ပါတယ်။

အမည်ကံထူးဆုဖုန်းနံပါတ်
TIN AYE MYINTရွှေ (၅) မူးသား09664xxxxxx
MA MA NGEရွှေ (၁) မတ်သား09256xxxxxx
EI EI HTUNရွှေ (၁) မတ်သား09263xxxxxx
THEN KHO THANGရွှေ (၁) မတ်သား09962xxxxxx
JA BANGရွှေ (၁) မတ်သား09456xxxxxx

မှတ်ချက်။ ။ဆုလက်ဆောင်ထုတ်ယူခြင်းကို သတ်မှတ်ထားသောစည်းမျဥ်းစည်းကမ်းများအတိုင်းပြုလုပ်သွားမည်။

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အသေးစိတ်ကို အောက်တွင်ကြည့်ပါ။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;