ကမ္ဘောဇဘဏ်နှင့်အတူ သင့်လုပ်ငန်းတိုးတက်မှုကို အရှိန်မြှင့်တင်လိုက်ပါ!
လုပ်ငန်းတိုးချဲ့ရန် နှင့် လုပ်ငန်း တိုးမြှင့်လည်ပတ်ရန်အတွက် ငွေအရင်းအနှီးလိုအပ်မှုသည် အဟန့်အတားတစ်ခု ဖြစ်မနေသင့်ပါဘူး။ လုပ်ငန်းချဲ့ထွင်ရန် လိုအပ်သော ချေးငွေများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပါသည်။ ဒါ့အပြင် လုပ်ငန်းများချောမွေ့စွာလည်ပတ်နိုင်ရန် ကမ္ဘောဇဘဏ်၏ လုပ်ငန်းသုံးဘဏ်ဝန်ဆောင်မှုများကိုလည်း တစ်နေရာတည်းတွင် ရယူနိုင်မည်ဖြစ်သည်။
ကမ္ဘောဇဘဏ်၏ ကျွမ်းကျင်ဝန်ထမ်းများနှင့် ယခုပဲ ဆက်သွယ်လိုက်ပါ။
ကမ္ဘောဇဘဏ်မှ လုပ်ငန်းသုံးချေးငွေရယူခြင်း၏ အကျိုးကျေးဇူးများ
Key Product
လုပ်ငန်းသုံးချေးငွေဝန်ဆောင်မှု (Corporate Loan)
ကမ္ဘောဇဘဏ်အနေဖြင့် ပြည်တွင်းကုမ္ပဏီကြီးများ အရှိန်အဟုန်မြှင့်တိုးတက်မှုအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများစွာဖြင့် အစဥ်အမြဲထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ စက်ပစ္စည်းများဝယ်ယူခြင်း၊ လုပ်ငန်းသုံးအဆောက်အဦးများတည်ဆောက်ခြင်း စသည့် ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှုများ နှင့် အခြားသော လုပ်ငန်းတိုးချဲ့စီမံကိန်းများအတွက် ကမ္ဘောဇဘဏ်တွင် ချေးငွေရယူနိုင်ပါသည်။
ကမ္ဘောဇဘဏ် ချေးငွေဝန်ဆောင်မှု၏ အားသာချက်များ

အခြားဝန်ဆောင်မှုများ

ငွေကြေးစီမံခန့်ခွဲခြင်း
လူကြီးမင်း၏ လုပ်ငန်းအတွက်လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် ငွေစာရင်း အကောင့်အမျိုးစုံကို ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။

Customer များကို စီမံခန့်ခွဲခြင်း
လူကြီးမင်းတို့၏ customer များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စေဖို့ ထုတ်ကုန်နှင့်ဝန်ဆောင်မှုအမျိုးအစားစုံကို ကမ္ဘောဇဘဏ်မှ ကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။

ဝန်ထမ်းများကို စီမံခန့်ခွဲခြင်း
လူကြီးမင်းရဲ့ဝန်ထမ်းများကို လစာငွေနှင့်အကျိုးခံစားခွင့်များပေးချေခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းများ လွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးပေးမှာဖြစ်ပါသည်။

သင့်လုပ်ငန်းကို ကြိုတင်ကာကွယ်ပေးခြင်း
လူကြီးမင်းရဲ့စီးပွားရေးလုပ်ငန်း ခိုင်မာမှုရှိစေရန်အတွက် သက်ဆိုင်ရာ ထုတ်ကုန်၊ ဝန်ဆောင်မှုများဖြင့် ကာကွယ်ပေးမှာဖြစ်ပြီး အန္တရာယ်များကိုစီမံခန့်ခွဲနိုင်စေဖို့အတွက်လည်း ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါသည်။
Contact Us
ဆက်သွယ်ရန်
ကမ္ဘောဇဘဏ်၏ လုပ်ငန်းသုံးချေးငွေဝန်ဆောင်မှု (Corporate Loan) နှင့်အခြားသော လုပ်ငန်းသုံးဘဏ်ဝန်ဆောင်မှုများဖြင့် သင့်လုပ်ငန်းတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ပိုမိုလေ့လာလိုပါသလား? အောက်ဖော်ပြပါ Form ကို ဖြည့်သွင်းလိုက်ပါ။ ကမ္ဘောဇဘဏ်၏ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ဆက်သွယ်လာပါလိမ့်မည်။
သို့မဟုတ်
[email protected] သို့ အီမေးလ်ပို့၍လည်း ဆက်သွယ်နိုင်သည်။