ငလျင်ဘေးသင့်ပြည်သူများအတွက် KBZ Bank နှင့် KBZPay တို့မှ ဆောင်ရွက်ချက်များ

မတ်လ (၂၈) နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကို ထိခိုက်ခံစားရသည့် မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ ပြည်သူများအားလုံး ဘေးကင်းလုံခြုံကြပါစေရန် ကမ္ဘောဇဘဏ်မှ ဆန္ဒပြုအပ်ပါသည်။

လက်ရှိတွင် ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ဒေသများရှိ ပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းများ အတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများရရှိစေရန် ကမ္ဘောဇဘဏ်မှ အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါသည်။ 

ယခုကာလအတွင်း ငလျင်ဒဏ်ခံစားရသည့်ဒေသများတွင် KBZ Online Banking (mBanking ၊ iBanking) နှင့် KBZPay တို့မှတဆင့် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ရယူနိုင်မည်ဖြစ်ပါသည်။ မန္တလေးနှင့် နေပြည်တော်ဒေသများတွင် ငလျင်ဒဏ်ခံစားရသည်နှင့်အညီ လတ်တလောတွင် KBZ Bank နှင့် KBZPay ၏ Call Center များအားဆက်သွယ်ရာတွင် ကြန့်ကြာမှုများရှိနိုင်ပြီး သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ နံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

KBZ Bank Call Center – 09951018555

KBZPay Call Center -099 6996 3211

KBZ Premium Banking Call Center – 09969508666

KBZPay Agent Call Center – 09969933212

ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် KBZ ဘဏ်နှင့် KBZPay မှ ဆောင်ရွက်နေသည့် သတင်းအချက်အလက်များ ဘဏ်ဝန်ဆောင်မှုများကို KBZ Bank နှင့် KBZPay ၏ official social media channel များနှင့် ဝက်ဘ်ဆိုဒ်မှတဆင့် ဆက်လက်ထုတ်ပြန်သွားပါမည်။

ငလျင်ဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီရန်အတွက် ဘဏ်ခွဲများအားလုံးတွင်ရရှိနိုင်မည့် “ ဝန်ဆောင်ခ အခမဲ့” အစီအစဉ်

ပြင်းထန်ငလျင်ဒဏ်ခံစားခဲ့ရသော  မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ ပြည်သူများ ဝန်ဆောင်မှုရယူရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်အနေဖြင့်  “ ဝန်ဆောင်ခ အခမဲ့” အစီအစဉ်ဖြင့် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။ 

Customer များအနေဖြင့် ၂၀၂၅ ဧပြီလ ၁ ရက်နေ့ မှ ဧပြီလ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မည်သည့်ကမ္ဘောဇဘဏ်တွင်မဆို အောက်တွင်ဖော်ပြထားသည့်  transaction များကို ပြုလုပ်ရာတွင် ဝန်ဆောင်ခ ကင်းလွတ်ခွင့် ‌ရရှိမည်ဖြစ်ပါသည်။ 

(၁) Cash Deposit – ငွေသွင်းခြင်း

(၂) Cash Withdrawal – ငွေထုတ်ခြင်း

(၃) Inhouse Cheque Deposit (ချက်လက်မှတ်ဖြင့် ငွေသွင်းခြင်း)

(၄) Cheque Withdraw (ချက်လက်မှတ်ဖြင့် ငွေထုတ်ခြင်း)

(၅) Account to Account Transfer (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ Account အချင်းချင်း ငွေလွှဲခြင်း)

ကမ္ဘောဇဘဏ်သည် ငလျင်ဘေးဒဏ်ခံစားရသည့် ပြည်သူများအာလုံးကို လွယ်ကူအဆင်ပြေသော ဘဏ်ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်နှင့်အညီ ဘေးအန္တရာယ်ကျရောက်ချိန်မှစ၍ ပြန်လည်ထူထောင်ရေးအထိ ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။

ဝန်ဆောင်ခ အခမဲ့ဖြင့် KBZ Online Banking မှတစ်ဆင့် ငွေလွှဲပါ

ပြင်းထန်ငလျင်လှုပ်ခက်ပြီးနောက်ပိုင်းမှစ၍ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံအနှံ့အပြားရှိ customer များကို ဘဏ်ဝန်ဆောင်မှုများပုံမှန်ပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဝန်ဆောင်ခများကိုပါ ဖြေလျှော့ကာ ငလျင်ဘေးသင့်ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီလျက်ရှိပါတယ်။

Customer များအနေဖြင့် ၂၀၂၅ခုနှစ် ဧပြီလ ၂ ရက်နေ့ မှ ၁၆ ရက်နေ့အတွင်း KBZ m/iBanking မှတစ်ဆင့် အခြားသူများ၏ ကမ္ဘောဇဘဏ်စာရင်းသို့ ငွေလွှဲပေးပို့မည်ဆိုပါက မည်သည့်ငွေလွှဲပမာဏအတွက်မဆို ဝန်ဆောင်ခ ၁၀၀% သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ ဝန်ဆောင်ခအခမဲ့ဖြင့် လုပ်ဆောင်နိုင်တဲ့ ငွေလွှဲအမျိုးအစားများကတော့

  • – Internal Transfer (ကမ္ဘောဇဘဏ်စာရင်းအချင်းချင်း ငွေလွှဲရန်)
  • – Fast Transfer (အမြန်ငွေလွှဲရန်)
  • – Multiple Transfers (ကမ္ဘောဇဘဏ်စာရင်းအများအပြားသို့ ငွေလွှဲရန်) တို့ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်သည်  customer များ၏လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ဘေးအန္တရာယ်ကျရောက်ချိန်မှစ၍ ပြန်လည်ထူထောင်ရေးအထိ ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။

ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ ဖေးမကူ

ပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာရသည့် ပျက်စီးဆုံးရှုံးမှုများတွင် တဖက်တလမ်းကနေ ပါဝင်ကူညီလိုတဲ့မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ/နိုင်ငံသားများအနေဖြင့်ငလျင်ဒဏ်သင့်ပြည်သူများအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများရဲ့လိုအပ်ချက်တွေကို  KBZPay ရဲ့ Donation (အလှူဒါန) ကို အသုံးပြုကာပါဝင်လှုဒါန်းကူညီမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုပါတယ်။ KBZPay မှ တစ်ဆင့် လှုဒါန်းမှုများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ၁၀၀% အချိန်နှင့်တပြေးညီ ပြန်လည် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ကူညီမှုများပြုလုပ်ဖို့အတွက် စိတ်ဝင်စားပါက KBZPay ရဲ့ Home Page သို့ ဝင်ရောက်ပြီး Donation (အလှူဒါန) ကို ရွေးချယ်ကာ လှုဒါန်းနိုင်မှာ ဖြစ်ပါတယ်။

Donation (အလှူဒါန) ထဲရှိ

✦ Myanmar Red Cross Association

✦ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

✦ Shwe Min Thar Foundation  စတဲ့အဖွဲ့အစည်းများထဲမှ မိမိလှုဒါန်းလိုတဲ့ အဖွဲ့အစည်းကို ရွေးချယ်ပြီး လှူဒါန်းလိုသောပမာဏကိုရိုက်ထည့်၍ လှုဒါန်းနိုင်မှာဖြစ်ပါတယ်။

လှုဒါန်းရန် လင်ခ့် → https://kbzpay.co/4hXEC9B

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ ဖေးမကူရင်းဖြင့် အတူတကွဒီအခက်အခဲများကို ကျော်ဖြတ်ကြပါစို့။

Myanmar Red Cross Association အကြောင်းအား ပိုမိုသိရှိရန် → Link

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အကြောင်းအား ပိုမိုသိရှိရန် → Link

Shwe Min Thar Foundation အကြောင်းအား ပိုမိုသိရှိရန် → Link

ဒါ့အပြင် မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားရှိ  ငလျင်ဒဏ်သင့်ပြည်သူများအား ငွေကြေးအားဖြင့် ပါဝင်ကူညီလိုသူ customer များအနေဖြင့် ကမ္ဘောဇဘဏ် ဘဏ်ခွဲများတွင်  အောက်ဖော်ပြပါ ဘဏ်အကောင့်သို့  CBM-NET စနစ် မှတဆင့် ငွေသားထည့်သွင်း၍ဖြစ်စေ၊ စာရင်းပြောင်းနည်း Account Transfer ဖြင့်ဖြစ်စေ ဝန်ဆောင်ခနှင့် ငွေလွှဲခနှုန်းထား အခမဲ့ဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။

– မြန်မာ့စီးပွါးရေးဘဏ်၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ စာရင်းအမှတ် (OA011834)

 ပြည်ပမှ မြန်မာနိုင်ငံသို့ ငွေလွှဲခ “အခမဲ့” ဖြင့်လွှဲပို့နိုင်ပါပြီ

ကမ္ဘောဇဘဏ်သည် ယခုလို ခက်ခဲသောအချိန်ကာလတွင် customer များ အဆင်ပြေလွယ်ကူသည့် ဝန်ဆောင်မှုများရယူနိုင်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ပြည်သူများအတွက်ဖြစ်စေ၊ မိသားစုဝင်များကိုဖြစ်စေ ငွေလွှဲပို့မည်ဆိုပါက  ဝန်ဆောင်ခ အခမဲ့ဖြင့် လွှဲပို့နိုင်ပြီဖြစ်ပါတယ်။ 

Western Union, Ria, Merchantrade  ငွေလွှဲဝန်ဆောင်မှုတို့မှတစ်ဆင့် ကမ္ဘောဇဘဏ်စာရင်း (သို့မဟုတ်) KBZPay Wallet သို့ ငွေလွှဲပို့လျှင် ငွေလွှဲမှုတိုင်းအတွက် ဝန်ဆောင်ခကို အခမဲ့ဖြင့် ငွေလွှဲပို့နိုင်မှာဖြစ်ပါတယ်။  ငွေလွှဲပေးပို့နိုင်သော နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

Western Union ငွေလွှဲဝန်ဆောင်မှုမှ လွှဲပို့နိုင်သော နိုင်ငံများ 

  • ကမ္ဘာတစ်ဝန်ရှိ နိုင်ငံများအားလုံး

Ria ငွေလွှဲဝန်ဆောင်မှုမှ လွှဲပို့နိုင်သော နိုင်ငံများ

  • ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအားလုံး

Merchantrade ငွေလွှဲဝန်ဆောင်မှုမှ လွှဲပို့နိုင်သော နိုင်ငံများ

  • မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ 

ငွေလွှဲလက်ခံသူများအနေဖြင့်လည်း လက်တလောတွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများ နှင့် KBZPay Centers များတွင် ငွေသားထုတ်ယူနိုင်ပါတယ်။

နေပြည်တော်နှင့် မန္တလေးမြို့များတွင် ငွေသားထုတ်ယူနိုင်သော ATM များ

NoNAMEAddress
1နေပြည်တော် -၄ဆိုင်ခန်းအမှတ်(၉၇)၊ ပိတောက်လမ်း၊ သပြေကုန်းစျေး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
2ရေဆင်းစိုက်ပျိုးရေးရေဆင်း၊ဇေယျာသီရီမြို.နယ်၊နေပြည်တော်။
3ပျဉ်းမနား-၁အမှတ်(၇၄)၊ ဗိုလ်တောက်ထိန်လမ်း၊ မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့။
4MRTV (နေပြည်တော်)MRTV ဝင်း၊ တပ်ကုန်း၊ နေပြည်တော်။
5အသက်မွေးဝမ်းကြောင်းဆေးပညာတက္ကသိုလ်အသက်မွေးဝမ်းကြောင်းဆေးပညာကျောင်း (ရေဆင်း)
6နေပြည်တော် ၁ဘဏ်အပိုင်း(၁)၊ ကျိုင်းတုံလမ်း၊ ဥတ္တရသီရိ၊ နေပြည်တော်။
7PARK ROYAL HOTEL နေပြည်တော်ဗိုလ်ရှုသဘင်နား၊ အမှတ်(၁၃/၁၄)၊ နေပြည်တော်ဟိုတယ်၊ ဒဏ္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
8Jasmine ဟိုတယ်Jade Villa (11/12), ရွှေပြည်တော်ဝင်လမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
9ပညာရေးဝန်ကြီးဌာနရုံးအမှတ် ၂၁Ministery Office Zone ရုံးအမှတ်(၂၁)၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်။
10ပညာရေးဝန်ကြီးဌါန ရုံးအမှတ်(၁၃)ဝန်ကြီးဌါနရုံးဇုံ ရုံးအမှတ်(၁၃)၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်။
11ရုံးအမှတ်(၉)နေပြည်တော်နေပြည်တော်ရုံးအမှတ် (၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန။
12နေပြည်တော် ၂အမှတ်(၂၅၈/အေ)၊ ရာဇဌာနီလမ်း၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း၊ နေပြည်တော်။
13နေပြည်တော် မြို့မစျေးဘဏ်ခွဲဆိုင်ခန်းအမှတ်(၁၊၂)၊ ရုံအမှတ် (၂)၊ မ(၈၃)၊ မြို့မစျေး၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇမ္မူသီရိမြို့နယ်၊ နေပြည်တော်။
14နေပြည်တော်(၅)ဘဏ်ခွဲအမှတ်( S-261,S-262,S-268,S-269 )၊ ရာဇသင်္ဂဟလမ်းမကြီး၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
15နေပြည်တော် -၄ဆိုင်ခန်းအမှတ်(၉၇)၊ ပိတောက်လမ်း၊ သပြေကုန်းစျေး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
16သစ်တောရုံးရုံးအမှတ်(၅၃)၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေပြည်တော်မြို.။
17VIP Unplugged Barကျောက်မျက်အချောထည်လမ်းမကြီး၊ရွှေကြာပင်ရပ်ကွက်၊ဒဏ္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
18ရှင်းသန့် ကားရေဆေးဆီထိုးအမှတ်(၂၃၉၂ & ၂၃၉၃)၊ပဒုမ္မာရပ်ကွက်၊ရွှေကြာပင်ရပ်ကွက်၊ဇမ္မူသီရိမြို့နယ်၊ နေပြည်တော်။
19SKY KTV (နေပြည်တော်)ရွှေပြည်တော်ဟိုတယ်၊စကိုင်းကာရာအိုကေနှင့်စားသောက်ဆိုင်၊ဒက္ခဏသီရီ၊ နေပြည်တော်။
20ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးအမှတ်(၄)၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊နေပြည်တော်။
21နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းနေပြည်တော်ဒက္ခဏသီရီ၊ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ
22နေပြည်တော် ဘူတာရုံနေပြည်တော်ဘူတာကြီး၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်။
23ဝန်ကြီးဌာန ရုံးအမှတ်(၃၈)ရုံးအမှတ်(၃၈)၊ ဇေယျဌာနီလမ်း၊ ဇမ္မူသီရိမြို့နယ်၊ နေပြည်တော်တိုင်း။
24နေပြည်တော်စက်ခေါင်းစက်ရုံနေပြည်တော် လိုကိုမို့တစ်စက်ရုံ၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်တိုင်းဒေသကြီး။
25နေပြည်တော် အကယ်ဒမီနေပြည်တော် အကယ်ဒမီ၊ ဇပူသီရိမြို့နယ်၊ နေပြည်တော်တိုင်းဒေသကြီး။
26နေပြည်တော် မီးရထားဘူတာ (ရုံးချုပ်)နေပြည်တော်ဘူတာကြီး၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်။
27ဗဟိုဘဏ်နေပြည်တော်နေပြည်တော်ဗဟိုဘဏ်၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တိုင်းဒေသကြီး။
28ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရွှေးကောက်ပွဲကော်မရှင်ရုံး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တိုင်းဒေသကြီး။
NoNAMEAddress
1မန္တလေး - ၂၀အမှတ်(၁၉)၊ ၂၆ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
2မန္တလေး-၁အမှတ်(၂၃၀)၊ လမ်း(၈၀)၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ကဥ္စနာမဟီရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
3မန္တလေး ၅အမှတ်(၇၄၆)၊ ၃၀ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ချမ်းအေားသာဇံမြို့နယ်၊ မန္တလေး။
4၁၉လမ်း CITY Mart၁၉ လမ်း၊ နန်းရှေ့၊ မန္တလေး။
5မန္တလေး ၁၅အမှတ်(၂၈၃)၊ ၈၃ လမ်း နှင့် ၈၄ လမ်းကြား၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
6CP LIVESTOCK(တံတားဉီး)အမှတ် (၁၃၂၅)၊ ခင်လူလေးရွှာ၊ တံတားဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
7SOUTH-EAST ASIA GASရန်ကုန် - မန္တလေးအဝေးပြေးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၆၅/၄) အနီး၊ မြစ်ငယ်စာတိုက်၊ အမရပူရမြို့နယ်၊ မန္တလေး။
8မန္တလေး ၂၉ လေးမျက်နာ ဘဏ်ခွဲအမှတ်(၈၀ က)၊ (၅၇)လမ်း နှင့် မနော်ဟရီလမ်းထောင့်၊ ကံသာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
9မန္တလေး-၃၅အမှတ်(၃၂)၊ အကွက်အမှတ်(၈၁၇)၊ (၆၂)လမ်း၊ (၃၁×၃၂) လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
10မန္တလေးတက္ကသိုလ်မန္တလေးတက္ကသိုလ်၊ သိပ္ပံလမ်းနှင့်လမ်း(၄၀)ကြား၊ မဟာမြိုင်ရပ်ကွက်၊ မန္တလေးတိုင်းဒေသကြီး။
11မန္တလေးနည်းပညာတက္ကသိုလ်အောင်ချမ်းသာရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး။
12မန္တလေး ၃၉ ဘဏ်ခွဲအမှတ်(၁၀)၊ အကွက်အမှတ်(မ/၇၉)၊ (၃၅)လမ်း၊ ၅၆×၅၇ လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
13မြတ်နန်းရုံ ဟိုတယ်၇၂ လမ်း၊ ၂၉လမ်းနှင့် လမ်း၃ဝကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး ။
14မန္တလေးလေဆိပ်Mandalay International Airport ၊ တံတားဦးမြို့နယ်၊ မန္တလေး။
15မန္တလေးဝန်ကြီးဌာနရုံး၆၅×၆၆ လမ်းကြား၊ ( ၂၄× ၂၅ )လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
16မန္တလေးဘဏ်ခွဲ-၄၂အမှတ်(G-1-D)၊ရန်ကုန်-မန္တလေးလမ်းမကြီး၊စက်မှုပန်းခြံအနီးစက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး။
17မန္တလေးဘဏ်ခွဲ ၄၆အမှတ်(၃၃-ဃ)၊ အကွက်အမှတ်(၇၀၁)၊ (၇၄)လမ်း၊ (၃၁×၃၂)လမ်းကြား၊ မောရဂီဝါရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
18မန္တလေး CEO ရုံး၁၉လမ်း၊၆၅လမ်းနှင်.၆၆လမ်းကြား၊အောင်မြေသာဇံ၊မန္တလေး
19ရတနာပုံတက္ကသိုလ်ရတနာပုံတက္ကသိုလ်၊တောင်တမန်ရွှာ၊အမရပူရမြို့နယ်၊မန္တလေးတိုင်းဒေသကြီး
20မန္တလေး - ၆ဦးပိုင်အမှတ်(၁၆-စ)၊ ကွင်းအမှတ်(သ-၁၅)၊ (ခ)ရပ်ကွက်၊ သာယာဝတီမင်းကြီးလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်လူစီကားကွင်းတောင်ဘက်၊ မန္တလေး။
21မန္တလေး - ၁၃အမှတ်(၅၃)၊ ၈၃ လမ်း၊ ၂၀ လမ်းနှင့် ၂၁ လမ်းကြား၊ ပုလဲငွေရောင်ရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေး။
22မန္တလေး - ၂၀အမှတ်(၁၉)၊ ၂၆ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
23မန္တလေး - ၁၀အမှတ်(၃၁၃)၊ ၃၅ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ အရှေ့ ရတနာဘူမိ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။
24ပုသိမ်ကြီးဘဏ်ခွဲအမှတ်(၄၉၈/က)၊ ပုသိမ်ကြီး လမ်းမကြီး၊ ရေထွက်မြို့ဦးကွက်သစ် (ကြည်တုန်းရပ်ကွက်)၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း။
25City ဆေးရုံသိပ္ပံလမ်း၊ ၆၅-၆၆ လမ်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
26CIS Htoo ကုမ္ပဏီ(၃၅)လမ်း၊ (၆၂) လမ်းနှင့် (၆၃)လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း‌ဒေသကြီး။
27နန်းတော်ဆေးရုံအမှတ်(၂၃၁)၊ (၇၁)လမ်း၊ (၂၈)လမ်းနှင့်(၂၉)လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးတိုင်း‌ဒေသကြီး။

နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဝန်ဆောင်မှုရယူနိုင်သောဘဏ်ခွဲများ

အမှတ်စဉ်ဘဏ်ခွဲအမည်လိပ်စာ
နေပြည်တော် ၁ဘဏ်ဝန်း (၁)၊ ကျိုင်းတုန်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
နေပြည်တော် ၄အမှတ် (ပ - ၉၇၊၉၈၊၉၉၊၁၀၀၊၁၀၁)၊ ပိတောက်လမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်
မြို့မစျေးအခန်း (၁၊ ၂)၊ ရုံးအမှတ် (၂)၊ မ(၈၃)၊ မြို့မဈေး၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်
ပျဉ်းမနား ၁အမှတ် (၇၄)၊ ဗိုလ်တောက်ထိန်လမ်း၊ မင်္ဂလာရပ်ကွက်၊ ပျဥ်းမနားမြို့နယ်၊ နေပြည်တော်
တပ်ကုန်းဦးပိုင် အမှတ် (၉၈) - (၁၉ - သူရိယ)၊ အောင်ဇေယျရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းမ၊ တပ်ကုန်းမြို့နယ်၊ နေပြည်တော်
အမှတ်စဉ်ဘဏ်ခွဲအမည်လိပ်စာ
မန္တလေး ၆အမှတ် G / ၈၀၊ ၁၀လမ်းနှင့် ရန်ကုန် - မန္တလေးလမ်းကြား၊ ကျွဲဆည်ကန် ရပ်ကွက်၊ မန္တလေး
မန္တလေး ၃၅အကွက် အမှတ်- ၈၁၇၁၊ ၆၂ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ပြည်ကြီးမြတ်ရှင် ရပ်ကွက်၊ ချမ်းမြသာဇံမြို့နယ်၊ မန္တလေး
မန္တလေး ၃၉အပိုင်းအမှတ် ၁၀၊ အကွက် အမှတ် (မ - ၇၉)၊ ၃၅ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြား၊ ရဲမွန်တောင် ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး
ပုသိမ်ကြီး - အုန်းချော ဦးပိုင် (၅၄/၂)၊ အကွက် (၅၅၈ / အုန်းချောတောင်)၊ မန္တလေး - ပြင်ဦးလွင်လမ်း၊ အုန်းချော အမှတ် (၄)ရပ်ကွက်၊ အုန်းချောစံပြကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး
မန္တလေး - ၁၃ အမှတ် - ၅၃၊ ၈၃ လမ်း၊ လမ်း ၂၀ နှင့် ၂၁ လမ်းကြား၊ ပုလဲ‌ငွေရောင်ရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေး
ပုသိမ်ကြီး အမှတ် - ၄၈၉/A၊ ပုသိမ်ကြီးလမ်း၊ ကြည်ကုန်းရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး
မန္တလေး - ၂၅ အမှတ် - ၁၆၀၊ အကွက်အမှတ် စီ-၆၊ ၆၄ လမ်းနှင့် မနော်ဟရီလမ်းထောင့်၊ မြို့သစ် ၃ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး
မန္တလေး - ၂၉ အမှတ် - ၈၀-က၊ ၅၇ လမ်းနှင့် မနော်ဟရီလမ်းထောင့်၊ ကန်သာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး
မန္တလေး - ၄၂ အမှတ် - G1(D)၊ ရန်ကုန်-မန္တလေးလမ်း၊ စက်မှုပန်းခြံအနီး၊ စက်မှုဇုံ ၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး
၁၀မန္တလေးဘဏ်ခွဲ(၁)အမှတ်(၂၃၁)၊ လမ်း(၈၀)၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ကဥ္စနာမဟီရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
၁၁မန္တလေးဘဏ်ခွဲ(၄၆)အမှတ်(၃၃-ဃ)၊ အကွက်အမှတ်(၇၁၀)၊ (၇၄)လမ်း၊ (၃၁×၃၂)လမ်းကြား၊ မောရဂီဝါရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
၁၂မိတ္ထီလာဘဏ်ခွဲ(၁)အမှတ်(မ/၂၃၆၀)၊ ရန်ကုန် - မန္တလေးလမ်းမကြီး၊ ဝါးတန်းလမ်း၊ ဝါးတမ်းရပ်ကွက်၊ မိတ္ထီလာခရိုင်၊ မန္တလေးတိုင်း။မိတ္ထီလာမြို့။
၁၃မိတ္ထီလာဘဏ်ခွဲ (၂)အမှတ်(၁၀၄)၊ တံတားဦးလမ်း၊ ပန်းတိမ်တန်းရပ်၊ (၄)ရပ်ကွက်၊ မိတ္ထီလာမြို့၊ မန္တလေးတိုင်း။
၁၄မိတ္ထီလာဘဏ်ခွဲ (၃)အမှတ်(၁၈၈)၊ ရန်ကုန်-မန္တလေးလမ်း၊ နာရီစင်အနီး၊ သီရိမင်္ဂလာရပ်၊ မိတ္ထီလာမြို့။
၁၅မိတ္ထီလာဘဏ်ခွဲ(၄)အမှတ်(၇/၈)၊ အခန်း(ဘီ)၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ အောင်ဇေယျရပ်ကွက်၊ မိတ္ထီလာခရိုင်၊ မန္တလေးတိုင်း။
၁၆မိတ္ထီလာဘဏ်ခွဲ - (၅)အမှတ်(၁၉/၈၊ ပြည်သာယာ)၊ ပြည်သာယာ(၂)လမ်းနှင့် (၃)လမ်းကြား၊ ရန်ကုန် မန္တလေးလမ်းမကြီးဘေး၊
ပြည်သာယာရပ်၊ မိတ္ထီလာမြို့။
၁၇မန္တလေး ဘဏ်ခွဲ (၅)အမှတ်(၇၄၆)၊ ၃၀ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ချမ်းအေားသာဇံမြို့နယ်၊ မန္တလေး။
၁၈မန္တလေးဘဏ်ခွဲ (၁၅)အမှတ်(၂၈၃)၊ ၈၃ လမ်း နှင့် ၈၄ လမ်းကြား၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
၁၉မန္တလေးဘဏ်ခွဲ (၂၀)အမှတ်(၁၉)၊ ၂၆ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။