Save Smart, Reward Sweet Kids' Wish List Complete

ကမ္ဘောဇဘဏ်၏ ဝန်ထမ်းအကျိုးခံစားခွင့်အစီအစဉ်မှာ ဝန်ထမ်းများ၏ အဆင်ပြေမှုနှင့် စိတ်ကျေနပ်မှုရှိရန်ကို ဦး‌စားပေး‌ဆောင်ရွက်ထားသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ ကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများအတွက် သီးသန့်ကမ်းလှမ်းမှုများနှင့် အထူးအခွင့်အရေးများစွာကို ပေးဆောင်သွားမည်ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ထမ်းအကျိုးခံစားခွင့်အစီအစဉ်တွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကျန်းမာကြံ့ခိုင်ရေးစင်တာများနှင့် အခြားကဏ္ဍများပါရှိသော လုပ်ငန်းအများအပြားနှင့် ပူးပေါင်းဆောင်ရွက်ထားပါသည်။  ဤပူးပေါင်းဆောင်ရွက်မှုမှာ နိုင်ငံတဝှမ်းရှိ လုပ်ငန်းများတိုးတက်မြှင့်မားဖို့အတွက် ပံ့ပိုးပေးပြီး တဖက်တလမ်းမှလည်း ကမ္ဘောဇဘဏ်ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ နှင့် ခံစားခွင့်များအတွက် နှစ်ဦးနှစ်ဘက်အကျိုးရှိစေရန်ရည်ရွယ်ထားပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ထမ်းအကျိုးခံစားခွင့်အစီအစဉ်တွင် အကျိုးခံစားခွင့်အသစ်များနှင့်ကဏ္ဍပေါင်းစုံမှ အစီအစဥ်အသစ်များအား ရယူနိုင်ရန် စဥ်ဆက်မပြတ်ကြိုးစားလျက်ရှိပါသည်။ ထို့ကြောင့် ကမ္ဘောဇဘဏ် ဝန်ထမ်းများနှင့် မိသားစုဝင်များပါ ခံစားနိုင်သော သီးသန့်ကမ်းလှမ်းချက်များနှင့် လျှော့ဈေးများကို ရယူရန် မိမိ၏ ဝန်ထမ်း ID ကတ်အသစ်ကို မိမိနှင့်တပါထဲယူဆောင်သွားရန်အရေးကြီးပါသည်။

လူကြီးမင်းဟာ လုပ်ငန်းများအောင်မြင်တိုးတက်ဖို့အတွက် ဆန္ဒပြင်းပြတဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ပါသလား။ ကမ္ဘောဇဘဏ်လီမိတက်၏ ဝန်ထမ်းအကျိုးခံစားခွင့်အစီအစဉ်မှာ နှစ်ဦးနှစ်ဘက်အကျိုးခံစားခွင့်များကိုရရှိဖို့ မိတ်ဖက်တစ်ဦးအဖြစ် ပူးပေါင်းပါဝင်ရန်လူကြီးမင်းအား ဖိတ်ခေါ်အပ်ပါသည်။ ဤအစီအစဥ်မှာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူကြီးမင်းတို့ အနေဖြင့်Customer အမြောက်အများရရှိရုံသာမက ကမ္ဘောဇဘဏ်ဝန်ထမ်းများအတွက်လည်း အကျိုးခံစားခွင့်များရရှိရန်အထောက်အကူဖြစ်စေပါသည်။ လူကြီးမင်းတို့၏ လုပ်ငန်းအတွက် ကမ္ဘောဇဘဏ်၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို သိရှိရန် [email protected] / 09975432761 မှတဆင့်ဆက်သွယ်လိုက်ပါ။

Introduction of KBZ Employee Benefits Program

လုပ်ငန်းခွင်ပံ့ပိုးမှုနှင့်အတူ အတွေ့အကြုံကောင်းနဲ့ အကျိုးခံစားခွင့်များရရှိနိုင်မယ့် အလုပ်တစ်ခုကိုရှာဖွေလို့နေပြီလား။ ကမ္ဘောဇဘဏ်မှဝန်ထမ်းများသာ အထူးရရှိနိုင်သော ဝန်ထမ်းအကျိုးခံစားခွင့်အစီအစဉ်များအပြင်  အခြားသောအခွင့်အလမ်းများစွာရရှိနိုင်မှာဖြစ်ပါသည်။။ မတူကွဲပြားသောလုပ်ငန်းခွင်နှင့် အတွေ့အကြုံကောင်းများကို ရရှိနိုင်ရန်အတွက် ကမ္ဘောဇဘဏ်ရဲ့ နွေးထွေးသောလုပ်ငန်းခွင်မှ ကြိုဆိုလျက်ရှိပါသည်။  

ကမ္ဘောဇဘဏ်၏ ဝန်ထမ်းအကျိုးခံစားခွင့်အစီအစဉ်မှ မတူညီသောနယ်ပယ်စုံအခန်းကဏ္ဍများမှ ရရှိနိုင်သော အကျိုးခံစားခွင့်များနှင့် အားသာချက်များကို အခုပဲအတူတကွရှာဖွေလိုက်ကြပါစို့။ 

လူကြီးမင်းဟာ လက်ရှိတွင် ဝန်ထမ်းတစ်ဦးဖြစ်စေ သို့မဟုတ် လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အဖွဲ့အစည်းအတွက် အလားအလာရှိသော အဖွဲ့ဝင်တစ်ဦးဖြစ်စေမတူညီသောအခွင့်အလမ်းများကို ရရှိရန်အတွက် ကမ္ဘောဇဘဏ်မှ ကြိုဆိုလျက်ရှိပါသည်။