စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံတကာကုန်သွယ်မှုကို ငွေကြေးထောက်ပံ့ပေးခြင်း
စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံတကာကုန်သွယ်မှုကို ငွေကြေးထောက်ပံ့ပေးခြင်း
ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နှင့် လုပ်ငန်းချောမွေ့စွာလည်ပတ်နိုင်စေဖို့အတွက် ငွေကြေးဆိုင်ရာလိုအပ်ချက်များကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပါသည်။

What We’re Offering –
SME ချေးငွေများ
ကမ္ဘောဇဘဏ် မှ အသေးစား နှင့် အလတ်စား (SME) လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရန် နှင့် လုပ်ငန်း တိုးချဲ့ မှုများကို ပံ့ပိုးကူညီပေးနိုင်ရန် အတွက် ချေးငွေဝန်ဆောင်မှုများအား ပံ့ပိုးပေးလျက် ရှိပါသည်။


SME Term Loan
ပုံသေပိုင်ပစ္စည်းများ (Fixed Assets) ဝယ်ယူခြင်းအတွက် လိုအပ်သော မတည်ရင်းနှီးငွေအတွက် လျှောက်ထားနိုင်ပါသည်။


SME Overdraft (OD)
ကာလတိုငွေကြေးစီးဆင်းမှုအတွက်လိုအပ်သော လုပ်ငန်းလည်ပတ်ငွေအားလျှောက်ထားနိုင်ပါသည်။


JICA Two Steps Loan JICA TSL
Two-Step Loan ချေးငွေအစီအစဉ် ၈၀ ရာခိုင်နှုန်းသည် လုပ်ငန်းရင်းနှီးငွေနှင့် ၂၀ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်ငွေအဖြစ် JICA မှ ပံ့ပိုးထားပါသည်။


Contract Financing
တင်ဒါအောင်မြင်ထားသော လုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့ အမြန်ဆုံး ရယူနိုင်ရန် လျှောက်ထားနိုင်ပါသည်။
ဝန်ဆောင်ခနှင့် အတိုးနှုန်းထားများ
အတိုးနှုန်း | SECURED LOAN | UNSECURED LOAN | PENALTY/LATE FEES | SERVICE FEES |
SME TERM LOAN | တစ်နှစ်လျှင် 12% | တစ်နှစ်လျှင် 12%~15% | တစ်နှစ်လျှင် 12% | N/A |
SME OVERDRAFT (OD) | တစ်နှစ်လျှင် 12% | တစ်နှစ်လျှင် 12%~15% | တစ်နှစ်လျှင် 12% | N/A |
JICA TWO STEPS LOAN – JICA TSL | 7.5% p.a | တစ်နှစ်လျှင် 7.5%~15% | တစ်နှစ်လျှင် 12% | N/A |
Contract Financing | N/A | တစ်နှစ်လျှင် 14% | တစ်နှစ်လျှင် 5% | တစ်နှစ်လျှင် 1% |
မေးလေ့မေးထရှိသောမေးခွန်းများ

ချေးငွေလျှောက်ထားရန်အဆင့်ဆင့်
ချေးငွေဝန်ဆောင်မှုကို ရယူဖို့တွက် နီးစပ်ရာဘဏ်ခွဲများတွင် “ Customer Enquiry Form” ကိုဖြည့်နိုင်ပါသည်။ (သို့မဟုတ်) အောက်ပါအချက်အလက်များကိုဖြည့်စွက်ပြီး “ [email protected]” သို့လည်း အီးမေးလ်ပို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
What We’re Offering –
ကုန်သွယ်ဘဏ္ဍာရေး
ကမ္ဘောဇဘဏ်မှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ နှင့် နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းများကို ပံ့ပိုးကူညီလျှက်ရှိပါသည်။


သွင်းကုန် ဝန်ဆောင်မှု
ကမ္ဘောဇဘဏ်မှ သွင်းကုန်ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် မှာယူတင်သွင်းလိုက်သော ကုန်ပစ္စည်း အတွက် ကုန်ဖိုးငွေပေးချေရာတွင် လွယ်ကူစေရန် ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။


ပို့ကုန် ဝန်ဆောင်မှု
ကမ္ဘောဇဘဏ်မှ ပို့ကုန်ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် တင်ပို့ရောင်းချလိုက်သော ကုန်ပစ္စည်း တန်ဖိုးငွေရရှိရန်အတွက် ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။