သတိထားသင့်သည့် ငွေကြေးဆိုင်ရာလိမ်လည်မှုများ
ကမ္ဘောဇဘဏ် နှင့် KBZPay အသုံးပြုသူ customer များအနေဖြင့် ငွေကြေးလိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် မိမိတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားသင့်ပါသည်။
လိမ်လည်ရာတွင် အသုံးပြုလေ့ရှိသည့် ဒီဂျစ်တယ်ချန်နယ်များ
လိမ်လည်သူများသည် သင်၏ငွေကြေးဆိုင်ရာသတင်းအချက်အလက်များကို အောက်ပါဒီဂျစ်တယ်ချန်နယ်များမှရယူတတ်ပါသည်။
- Facebook Page အတုများဖြင့်ရယူခြင်း
- Viber Channel အတုများဖြင့်ရယူခြင်း
- Email အတုများဖြင့်ရယူခြင်း
- Website အတုများဖြင့်ရယူခြင်း
- SMS အတုများဖြင့်ရယူခြင်း
- Application အတုများဖြင့်ရယူခြင်း
လိမ်လည်သည့်ပုံစံများ
- ယခုအခါတွင် လိမ်လည်သူများသည် KBZ Bank (သို့) KBZ Bank ၏ ဝန်ဆောင်မှုများ/ဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ Website အတုများ၊ Facebook page အတုများဖန်တီးခြင်း၊ Email, Viber, SMS, Messenger များမှ တဆင့်ငွေကြေးဆိုင်ရာအချက်အလက်များကိုတောင်းခံခြင်းစ သည်တို့ကိုပြုလုပ်လေ့ရှိပါသည်။
- လိမ်လည်သူများသည် Customers များကို link အတုများထဲသို့ဝင်ရောက်စေကာ ၄င်းတို့၏ KBZ mBanking Username and Passwordများ, KBZPay PIN/OTP Code, Credit/Debit card numbersများ , Credit/ Debit cards ကျောနောက်ဖက်တွင်ရှိသော Expiry Date and Security Codeများကိုဖြည့်ခိုင်းလေ့ရှိပါသည်။
- လိမ်လည်သူများသည် ဘဏ်ဝန်ထမ်းများအဖြစ်ဟန်ဆောင်ကာ Customers များထံမှာ OTP codes များရယူ၍ KBZPay account များထံဝင်ရောက်ပြီး ငွေကြေးလွှဲပြောင်းခြင်းများပြုလုပ်လေ့ရှိပါသည်။
Customers များအနေဖြင့် အထက်ပါလိမ်လည်လှည့်ဖြားသည့်နည်းလမ်းများကို သတိပြုကာ မသမာသူတို့၏အန္တရာယ်မှကင်းဝေစေရန်အသိပေးအပ်ပါသည်။
- သံသယဖြစ်ဖွယ်ဖုန်းနံပါတ်များ (သို့) Email မှ ပေးပို့လာသည့် messagesများမှ link များကိုမည်သည့်အခါမှမနှိပ်ကြည့်ပါနှင့်။ နှိပ်ကြည့်မိခဲ့ပါကလည်း မိမိ၏ ဘဏ်အကောင့်အချက်အလက်များကို link ထဲသို့မရိုက်ထည့်ပါနှင့်။
- OTP code များ၊ PIN၊ Password များကို မည်သူ့ကိုမှ မျှဝေခြင်းမပြုပါနှင့်။
- KBZ Bank သည် “ ” @kbzbank.com” ” နှင့်ဆုံးသော Email Domain၊ KBZ Call Center နံပါတ် 09951018555 နှင့် KBZPay Call Center နံပါတ် 3211တို့ကိုသာလျှင်အသုံးပြုပြီး တခြားမည်သည့် Email Domain နှင့် ဖုန်းနံပါတ်များကို အသုံးပြုနေခြင်း လုံးဝမရှိပါ။
- ကမ္ဘောဇဘဏ်အနေဖြင့် customer များထံမှ OTP/PIN နံပါတ်များကို မည်သည့်အခါမှ တောင်းခံခြင်းမရှိပါ။
- သံသယတစ်စုံတစ်ရာရှိပါက နီးစပ်ရာ ဘဏ်ခွဲသို့ဖြစ်စေ ၂၄ နာရီ (၇) ရက်အချိန်မရွေးဖုန်းခေါ်ဆိုနိုင်မည့် KBZ Bank 09-951018555 နှင့် KBZPay 3211 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။