KBZ Business Internet Banking ဆိုတာ ဘာလဲ
Business Internet Banking ဆိုသည်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများသာမက နိုင်ငံတကာကုမ္ပဏီကြီးများအထိပါ အသုံးပြုနိုင်သော Online Banking ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ မိမိ laptop (သို့) phone ကတစ်ဆင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး ၂၄ နာရီအချိန်မရွေး ငွေကြေးများကို ပိုမိုအဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်မယ့် ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါသည်။
KBZ iBanking Features
အခြားပြည်တွင်းဘဏ်သို့ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း)
အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း) ဝန်ဆောင်မှုဆိုသည်မှာ သတ်မှတ်ထားသော ဘဏ်လုပ်ငန်းချိန်အတွင်း အခြားပြည်တွင်းမိတ်ဖက်ဘဏ်များသို့ နံနက် ၉:၃၀ မှ ၃:၀၀ နာရီအတွင်း အွန်လိုင်းမှတဆင့် ငွေလွှဲပြောင်းနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။
ငွေလွှဲမည်ဆိုပါက အောက်ဖော်ပြပါအချက်များ ဖြည့်စွက်ရန်လိုအပ်ပါသည်။
- KBZ m/iBanking ထဲရှိ အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း) ကို ရွေးချယ်
- မိမိငွေလွှဲပို့လိုတဲ့ အခြားပြည်တွင်းဘဏ်ကိုရွေး
- ငွေလွှဲမည့်ဘဏ်ခွဲ
- ငွေလွှဲမည့်ဘဏ်အကောင့်
- ငွေလက်ခံမည့်သူ၏ အမည်
- ငွေလက်ခံမည့်သူ၏ ဖုန်းနံပါတ်
- ငွေလွှဲမည့်ပမာဏ
- ငွေလွှဲနှုန်းထားသိရှိစေရန် “ Calculate Charges” အားနှိပ်ရန်
- ငွေလွှဲခြင်း၏ ရည်ရွယ်ချက် စသည်တို့ကို ရိုက်ထည့်ပြီးလျှင် ငွေလွှဲလို့ရပါပြီ။
Bulk Payment
KBZ Bulk Payment ကို အသုံးပြုပြီး မိမိရဲ့supplier (သို့မဟုတ်) ဝန်ထမ်းများရဲ့ KBZ Bank account (သို့မဟုတ်) KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ တစ်ကြိမ်တည်းနဲ့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါသည်။
QuickPay
ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ထားသောကုမ္ပဏီများ၊ အဖွဲ့အစည်း များ စုစုပေါင်း ၅၀၀ ကျော်သို့ လစဉ်ငွေပေးချေမှုများကို KBZ Internet Banking ၏ QuickPay ဝန်ဆောင်မှုကို အသုံးပြုပြီး အချိန်မရွေး လွယ်ကူစွာပြုလုပ်နိုင်သည်။
Tax Payment
KBZ iBanking Tax Payment ကိုအသုံးပြုပြီး ပြည်တွင်းအခွန်ဦးစီးဌာနမှကောက်ခံသော အခွန်များအား အွန်လိုင်းမှတစ်ဆင့် လွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်မှာဖြစ်ပါသည်။
ဘီလ်ပေးဆောင်ခြင်း
ဘီလ်ပေးဆောင်ခြင်း ဆိုသည်မှာ KBZ iBanking မှတစ်ဆင့် မီတာဘီလ်စသည့် လစဉ်ပေးဆောင်ရန်ရှိသောဘီလ်များကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်သော ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
ကိုယ်ပိုင်အကောင့်ငွေလွှဲ
ကိုယ်ပိုင်အကောင့်ငွေလွှဲခြင်း Own Account Transfer သည် Corporate customer များ ငွေလွှဲခအခမဲ့ဖြင့် အကောင့်တစ်ခုမှအခြားတစ်ခုသို့ လွယ်ကူလျင်မြန်စွာ ငွေလွှဲပြောင်းစေနိုင်မည်ဖြစ်သည်။
KBZ ဘဏ်အချင်းချင်းငွေလွှဲ
KBZ ဘဏ်အကောင့်အချင်းချင်းငွေလွှဲခြင်း Fast Transfer နှင့် Transfer Other ကိုအသုံးပြုပြီး အခြား KBZ ဘဏ်အကောင့်သို့ငွေလွှဲနိုင်မည်ဖြစ်သည်။
ပြည်တွင်းဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှု
ပြည်တွင်းဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှု ဆိုသည်မှာငွေလွှဲဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အကောင့်မှ အခြားဘဏ်အကောင့်များသို့ အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေလွှဲပြောင်းခြင်းကိုဆိုလိုပါသည်။
အားသာချက်
Mobile banking (သို့) Internet banking မှ ပြည်တွင်းဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုအသုံးပြုမည်ဆိုပါက လိုအပ်သောအချက်အလက်များ
Other Benefits
Account Details
သင့်ဘဏ်အကောင့် ငွေစာရင်းနှင့် လုပ်ဆောင်မှုမှတ်တမ်းများကို အသေးစိတ်ကြည့်ရှုနိုင်ခြင်း
Authorize Transactions
Maker, Checker များ သတ်မှတ်နိုင်သောကြောင့် ငွေကြေးလွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ခြင်း
Secure Login
မိမိကြိုက်နှစ်သက်ရာ software and hardware တိုကင်များနှင့် စမတ်ကျကျ၊ လုံခြုံမှုရှိရှိ log in ၀င်ရောက်နိုင်ခြင်း။
RSA software token
Online banking transaction များ ပြုလုပ်ရာတွင် လိုအပ်သော လုံခြုံရေးကုတ်နံပါတ်များကို ထုတ်ပေးနိုင်သည့် RSA software token ကို သင့်mobile အတွင်း ထည့်သွင်းအသုံးပြုနိုင်ခြင်း။
RSA hardware token
RSA hardware token device ကို ရွေးချယ်ပြီး ကုမ္ပဏီရဲ့ငွေကြေးဆိုင်ရာ အရေးကြီးအချက်အလက်များကို မိမိလက်ဝယ်ကိုင်ထားရသလို လုံခြုံစိတ်ချစွာခံစားရစေနိုင်ခြင်း။