KBZ mBanking ဆိုတာ ဘာလဲ။
KBZ mBanking ဆိုသည်မှာ သင့်ငွေကြေးကို အချိန်နေရာမရွေး အလွယ်တကူစီမံခန့်ခွဲနိုင်သော Mobile Banking application တစ်ခုဖြစ်ပါသည်။
ငွေလွှဲခြင်း ၊ ကတ်များကို စီမံခန့်ခွဲခြင်း ၊ ငွေဖြည့်ခြင်း ၊ ဘီလ်ပေးဆောင်ခြင်း ၊ ဖျော်ဖြေရေး Gift Card များ၀ယ်ယူနိုင်ခြင်း စသည်တို့ကို Application ထဲတွင် လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
KBZ mBanking အကောင့်မရှိသေးပါက KBZ Bank Account (သို့) ATM Card ရှိရုံဖြင့် online မှတစ်ဆင့် Self-registration ပြုလုပ်နိုင်သလို နီးစပ်ရာ ဘဏ်ခွဲများသို့လည်း သွားရောက်လျှောက်ထားနိုင်ပါသည်။
KBZ mBanking Features

အခြားပြည်တွင်းဘဏ်သို့ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း)
အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း) ဝန်ဆောင်မှုဆိုသည်မှာ သတ်မှတ်ထားသော ဘဏ်လုပ်ငန်းချိန်အတွင်း အခြားပြည်တွင်းမိတ်ဖက်ဘဏ်များသို့ နံနက် ၉:၃၀ မှ ၃:၀၀ နာရီအတွင်း အွန်လိုင်းမှတဆင့် ငွေလွှဲပြောင်းနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။
ငွေလွှဲမည်ဆိုပါက အောက်ဖော်ပြပါအချက်များ ဖြည့်စွက်ရန်လိုအပ်ပါသည်။
- KBZ m/iBanking ထဲရှိ အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း) ကို ရွေးချယ်
- မိမိငွေလွှဲပို့လိုတဲ့ အခြားပြည်တွင်းဘဏ်ကိုရွေး
- ငွေလွှဲမည့်ဘဏ်ခွဲ
- ငွေလွှဲမည့်ဘဏ်အကောင့်
- ငွေလက်ခံမည့်သူ၏ အမည်
- ငွေလက်ခံမည့်သူ၏ ဖုန်းနံပါတ်
- ငွေလွှဲမည့်ပမာဏ
- ငွေလွှဲနှုန်းထားသိရှိစေရန် “ Calculate Charges” အားနှိပ်ရန်
- ငွေလွှဲခြင်း၏ ရည်ရွယ်ချက် စသည်တို့ကို ရိုက်ထည့်ပြီးလျှင် ငွေလွှဲလို့ရပါပြီ။
အားသာချက်များ
mBanking app အသုံးပြုတဲ့အခါ User ID နဲ့ password တို့ကို ခဏခဏ ရိုက်ထည့်စရာ မလိုဘဲ မျက်နှာ (သို့မဟုတ်) လက်ဗွေရာကို တစ်ကြိမ် register ပြုလုပ်ထားရုံဖြင့် လွယ်ကူစွာ login ဝင်ရောက်နိုင်ပါသည်။ လက်ဗွေရာစနစ်ကို iPhone နှင့် အချို့ Android ဖုန်းများတွင် အသုံးပြုနိုင်ပြီး Face login အား iPhone X နှင့် အထက်ဖုန်းများတွင် အသုံးပြုနိုင်ပါသည်။
အကျိုးကျေးဇူးများ
Biometric login စနစ်ပါရှိသောကြောင့် လျင်မြန်လွယ်ကူစွာ login ဝင်ရောက်နိုင်ပါသည်။ တစ်ကြိမ်နှိပ်ရုံ၊ မျက်နှာကို scan ဖတ်ရုံဖြင့် mobile banking သို့ login ဝင်ရောက်နိုင်ပါသည်။
ဘယ်လိုလျှောက်ထားမလဲ?
Login page တွင် ရှိသော “Fingerprint and FaceID” ကို နှိပ်၍ username နှင့် password ကို ရိုက်ထည့်ပြီးပါက တစ်ခါသုံး password (OTP) ရရှိပါမည်။ ရရှိလာသော တစ်ခါသုံး password (OTP) အား ရိုက်ထည့်ပြီး အောင်မြင်စွာဖြင့် register ပြုလုပ်နိုင်ပါသည်။