Senior Care Savings အပ်ငွေစာရင်း

Home / Senior Care Savings အပ်ငွေစာရင်း

Senior Care Savings အပ်ငွေစာရင်းသည် အသက် (၆၀) နှစ်နှင့်အထက် Customer လူကြီးမင်းများ ဖွင့်လှစ်နိုင်သော ငွေစုဘဏ်အပ်ငွေစာရင်းအမျိုးအစားဖြစ်ပါသည်။ ဤအပ်ငွေစာရင်း၏ အားသာချက်မှာ အတိုးနှုန်းပိုမိုမြင့်မားကာ လစဉ်အတိုးရရှိနိုင်သည့်အပြင် ဘဏ်ခွဲများတွင် ဦးစားပေးစနစ်ဖြင့် ဝန်ဆောင်မှုရယူနိုင်ခြင်းတို့ ဖြစ်ပါသည်။

အသက် (၆၀) နှင့်အထက် လူကြီးမင်းများသည် အောက်ပါအပ်ငွေစာရင်းအမျိုးအစားများ ဖွင့်လှစ်နိုင်ပါသည်-

  • လူပုဂ္ဂိုလ်တစ်ဦးတည်းစာရင်း
  • တွဲဖက်စာရင်း

ဘဏ်ဖွင့်ချိန်အတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ အပ်ငွေထည့်သွင်းနိုင်ပါသည်။

မည်သည့် ကမ္ဘောဇဘဏ်ခွဲတွင်မဆို တစ်ပတ်လျှင်တစ်ကြိမ် ပမာဏအကန့်အသတ်မရှိ ငွေထုတ်ယူနိုင်ပါသည်။

  • ကျပ်သိန်း ၁၀,၀၀၀ နှင့်အထက် – တစ်နှစ်လျှင် ၁၀%
  • ကျပ်သိန်း ၁၀,၀၀၀ အောက် – တစ်နှစ်လျှင် ၉%

အတိုးကိုလစဉ်ထုတ်ယူနိုင်ပါသည်။အတိုးငွေမထုတ်ယူခဲ့ပါက နောက်လများအတွက် တိုးရင်းပေါင်း၍ တွက်ချက်ပေးပါသည်။

အပ်ငွေစာရင်းဖွင့်လှစ်သည့်အခါ ဘဏ်စာအုပ်ကို ရယူအသုံးပြုနိုင်ပါသည်။

ဘဏ်ခွဲများတွင် ဦးစားပေးစနစ်ဖြင့် ဝန်ဆောင်မှုများ ပို၍လျင်မြန်လွယ်ကူစွာ ရယူနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ‌Mobile နှင့် Internet Banking ဝန်ဆောင်မှုများအားလုံးကို အသုံးပြုနိုင်ပါသည်။

မြင့်မားသည့်အတိုးနှုန်း အမြင့်ဆုံးအတိုးနှုန်း တစ်နှစ်လျှင် ၁၀%

အတိုးကိုလစဉ်ရယူနိုင်ခြင်း စုဆောင်းငွေများ တိုးပွားနိုင်ရန်အတွက် အတိုးကိုလစဉ်တွက်ချက်ထည့်သွင်းပေးခြင်း

ဦးစားပေးစနစ် ဘဏ်ခွဲများတွင် ဦးစားပေးဝန်ဆောင်မှုများ ရယူနိုင်ခြင်း

Online banking: Mobile နှင့် Internet Banking ဝန်ဆောင်မှုများ အသုံးပြုနိုင်ခြင်း

နိုင်ငံသားစိစစ်ရေးကတ်မူရင်း

Terms and Conditions Download