SME JICA Two Step Emergency Loan အစီအစဉ်
COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် KBZ SME Banking မှ SME JICA Two Step Emergency Loan အား စတင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းများတွင် ငွေကြေးလည်ပတ်မှု ပြန်လည်အဆင်ပြေ ကောင်းမွန်လာစေရေး အကောင်အထည်ဖော်၊ စီမံဆောက်ရွက်ထားသည့် SME JICA Two Step Emergency Loan ကို ကမ္ဘောဇဘဏ်တွင် လက်ရှိ JICA Two Step Loan ရယူထားသော customer များအားလုံးမှ ဇွန်လ ၂၀၂၀ ခုနှစ်မှစတင်၍ လျှောက်ထားရယူနိုင်ပြီ ဖြစ်ပါသည်။
မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် အသေးစိတ် မေးမြန်း၊ ဆွေးနွေးတိုင်ပင်လိုပါက သက်ဆိုင်ရာ Relationship Manager များထံသို့လည်းကောင်း၊ KBZ SME Banking ၏ hotline နံပါတ်များဖြစ်သော 01373785 / 01372979 / 01372977 / 01377716 သို့ ရုံးချိန်အတွင်း ဖုန်းဆက်မေးမြန်း၍ သော်လည်းကောင်း၊ [email protected] သို့ Email မှ တစ်ဆင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
JICA Two Step Emergency Loan ၏အကျိုးကျေးဇူးများ
- – အတိုးနှုန်း တစ်နှစ်လျှင် ၅.၅% ဖြင့်သက်သာသော အတိုးနှုန်းဖြင့် ချေးယူရနိုင်ခြင်း၊
- – လိုအပ်ချက်အလိုက် ကျပ်သိန်းပေါင်း ၃,၀၀၀ ပမာဏအထိ ရယူနိုင်ခြင်း၊
- – သင့်လုပ်ငန်း၏ ငွေကြေးလည်ပတ်ပုံနှင့် ကိုက်ညီမည့် ပြန်လည်ပေးဆပ်ပုံကို ရွေးချယ်နိုင်ခြင်း၊
- – ပေးဆပ်မှု ဆိုင်းငံ့ကာလများ ညှိနှိုင်းနိုင်ခြင်း၊
- – ၃ နှစ်အောက်ချေးငွေများအတွက် ၆ လ အထိ ဆိုင်းငံ့ခွင့်။
- – ၃ နှစ်မှ ၅ နှစ်ချေးငွေများအတွက် ၁ နှစ် အထိ ဆိုင်းငံ့ခွင့်။
- – ၅ နှစ်တာကာလအထိ သက်တမ်းရှည်ချေးငွေရယူနိုင်ခြင်း၊
- – လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီး Working Capital အား ၁၀၀% အထိ အသုံးပြုနိုင်ခြင်း။