Language
ပို့ကုန်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှု
KBZ ဘဏ်မှ လူကြီးမင်းတို့၏ ပို့ကုန်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးလိုအပ်ချက်များ နှင့် လူကြီးမင်းတို့ တင်ပို့ရောင်းချလိုက်သော ကုန်ပစ္စည်း တန်ဖိုးငွေရရှိရန် ကူညီပေးရန် အသင့်ရှိနေပါသည်။ ပို့ကုန်ဆိုင်ရာစုံလင်သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန်ဖိတ်ခေါ်ပါသည်။
ဝန်ဆောင်မှုအကြောင်းအရာ
- ပင်လယ်ရပ်ခြားရှိကုန်တင်ပို့သူထံမှ စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ငွေလွှဲစာတမ်း ကိုလက်ခံရရှိထားမှု အား KBZ ဘဏ်က အကျိုးခံစားခွင့်ရှိသူထံသို့ email/စာ ဖြင့် အမြန်ဆုံးအသိပေးအကြောင်းကြားခြင်း
- ချေးငွေကန့်သတ်ချက်ရှိထားရန်မလိုပါ
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- ငွေလွှဲစာတမ်းစစ်မှန်ကြောင်းအတည်ပြုခြင်း
- ငွေလွှဲစာတမ်း ရောက်ရှိကြောင်းအကြာင်းကြားခြင်းအမြန်ဆုံးဆောင်ရွက်ခြင်း
- ကုန်ပို့သူအတွက် ငွေလွှဲစာတမ်းပါအကြောင်းအရာများအား သုံးသပ်ပေးသည့်ဝန်ဆောင်မှုပေးခြင်း
လိုအပ်သည့်စာရွက်စာတမ်းများ
၁။ ငွေလွှဲစာတမ်းရောက်ရှိမှုအားKBZ ဘဏ်၏ စာ/အီးမေးလ်ဖြင့်အကြောင်းကြားစာ
၂။ ပို့ကုန်ငွေလွှဲစာတမ်းထုတ်ပေးပါရန်တောင်းခံထားသည့် ကုမ္ပဏီက တရားဝင်လက်မှတ်ရေးထိုးထားသော စာ (ကုမ္ပဏီ၏ letter head ဖြင့်)
၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မိတ္တူ သို့မဟုတ် လိုင်စင်လျှောက်ထားစရာမလိုသည့် ပို့ကုန် ဖြစ်ကြောင်းဖော်ပြထားသည့်စာ
ဝန်ဆောင်မှုအကြောင်းအရာ
- နိုင်ငံတကာကုန်သည်ကြီးများအသင်းကထုတ်ပြန်ထားသည့် သက်ဆိုင်ရာ UCP စည်းမျဉ်းစည်းကမ်းများအရ လိုအပ်သော ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများ နှင့်ကိုက်ညီမှုရှိမရှိဆိုသည်ကို သေချာမှုရှိစေရန်အတွက် တင်ပြလာသည့်စာရွက်စာတမ်း များအား KBZ ဘဏ်က ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများနှင့်တိုက်ဆိုင်စစ်ဆေးခြင်း
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- တိုးချဲ့ထားသောဘဏ်လုပ်ငန်းဆိုင်ရာကွန်ယက်များကိုအသုံးပြု၍ လွယ်ကူမြန်ဆန်သောဝန်ဆောင်မှု ရယူနိုင်ခြင်း
- ခိုင်မာသောလုပ်ငန်းပိုင်းဆိုင်ရာစာရွက်စာတမ်းများအရငွေပေးချေမှုများအားအချိန်မီရရှိခြင်းဖြင့် ပိုမိုကောင်းမွန်သောငွေကြေးစီးဆင်းမှုကိုဖြစ်စေခြင်း
လိုအပ်သောစာရွက်စာတမ်းများ
အောက်တွင်ဖော်ပြထားသည့်အထောက်အကူပြုစာရွက်စာတမ်းများ အပါအဝင် တောင်းခံလွှာရှင်းလင်းမှုပြုလုပ်ပေးရန် ကုန်ပို့သူက ဘဏ်အားတောင်းခံထားသည့် တရားဝင်လက်မှတ်ရေးထိုးထားသည့်စာ –
၁။ စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ပို့ကုန်ငွေလွှဲစာတမ်း
၂။ ပို့ကုန်ငွေလွှဲစာတမ်းဘီ(လ်) လျှောက်လွှာပုံစံ
၃။ ပို့ကုန်ငွေလွှဲစာတမ်းစည်းမျဉ်းများအရ သင်္ဘောတင်စာရွက်စာတမ်း များ –
- ကုန်ရောင်း ပြေစာ (တန်ဖိုးအတည်ပြုချက်)
- သင်္ဘောတင်အထောက်အထားလက်မှတ် (ကုန်ပို့အတည်ပြုချက်)
- ကုန်ပစ္စည်းစာရင်း (ကုန်ပစ္စည်းအတည်ပြုချက်)
- တင်ပို့သည့်မူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (မူရင်းနိုင်ငံအတည်ပြုချက်)
- စစ်ဆေးပြီးကြောင်းအတည်ပြုလက်မှတ်
- အာမခံပေါ်လစီ (CIF စည်းမျဉ်း)
၄။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲ လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ
၅။ အကောက်ခွန်ဦးစီးဌာနကထုတ်ပေးထားသည့် ပို့ကုန်ကြေညာလွှာ မူရင်း
ဝန်ဆောင်မှုအကြောင်းအရာ
- ICC ကထုတ်ပြန်ထားသည့် ကြွေးမြီကောက်ခံခြင်းဆိုင်ရာတူညီသောစည်းမျဉ်းများအရ ပို့ကုန်ကြွေးကျန်များအားကောက်ခံနိုင်ရန်အတွက် ညွန်ကြားချက်များနှင့်အညီ စာရွက်စာတမ်းများကိုင်တွယ်ရှင်းလင်းရေး တွင် ကုန်တင်သွင်းသူ၏ဘဏ်သို့ customer ဖြစ်သူက ပို့ကုန်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများတင်ပြမှု ကောင်းမွန်မှန်ကန်မှုရှိစေရန်
စာရွက်စာတမ်းအထောက်အထားပေးပို့မှု ပုံစံ ၂ မျိုး –
၁။ ပေးချေမှုအထောက်အထား (D/P)
ငွေကောက်ခံသည့်ဘဏ်တွင်ပေးချေမှုလုပ်ပြီးနောက်မှသာလျှင် ပေးပို့သည့်စာရွက်စာတမ်း များအား ကုန်တင်သွင်းသူက ရရှိခြင်း
၂။ လက်ခံရရှိမှုအထောက်အထား (D/A)
လွှဲပြောင်းနိုင်သည့်စာရွက်စာတမ်း အားလက်ခံရရှိပြီးမှသာလျှင် ကုန်တင်သွင်းသူက ပေးပို့သည့်စာရွက်စာတမ်းများအားလက်ခံရရှိခြင်း နှင့် လာမည့်ရက် တစ်ရက်ရက်တွင် ပေးချေမှုပြုလုပ်မည်ဖြစ်ကြောင်းကတိပြုခြင်း
ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ
- တရားဝင်သဘောတူညီချက်ပါဝင်ခြင်းမရှိသည့်ငွေပေးကတိစာချုပ်များ သို့မဟုတ် (ဘဏ်လုပ်ငန်းလမ်းကြောင်းပြင်ပမှ) တိုက်ရိုက်ပေးချေမှုများ နှင့်နှိုင်းယှဉ်လျှင် ကုန်တင်သွင်းသူထံမှ တောင်းခံလွှာအတွက် ပေးချေမှုကို ဥပဒေနှင့်အညီလုံခြုံစွာရနိုင်ခြင်း
- ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်များ အား အမှာစာများအရပေးပို့ခြင်းမပြုဘဲ လက်ရှိဘဏ်/ကုန်တင်ပို့သူလက်တွင်ကုန်ပစ္စည်းများအားထိန်းသိမ်းထားကြောင်း သေချာစေမည့် ပေးချေမှုစည်းမျဉ်းစည်းကမ်းများအရသာလျှင် ဘဏ်ကထုတ်ပေးသော အာမခံစာချုပ်များအား ထုတ်ပေးမည်ဖြစ်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
၁။ ပို့ကုန်ကောက်ခံခြင်း လျှောက်လွှာပုံစံ
၂။ ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်မူရင်း
၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲ လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ
၄။ အကောက်ခွန်ဦးစီးဌာနကထုတ်ပေးထားသည့် ပို့ကုန်ကြေညာလွှာ မူရင်း
Contact Us Today
Call Us Now
+95 1 2307169, +959 455832464