သတိထားသင့်သည့် ငွေကြေးဆိုင်ရာလိမ်လည်မှုများ
ကမ္ဘောဇဘဏ် နှင့် KBZPay အသုံးပြုသူ customer များအနေဖြင့် ငွေကြေးလိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် မိမိတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားသင့်ပါသည်။

OTP/ PIN/ Password ဆိုသည်မှာ ဘာကိုခေါ်ပါသလဲ?

OTP: တစ်ခါသုံးလျှို့ဝှက်နံပါတ် (One-time Password (OTP) )ဆိုသည်မှာ မိမိဘဏ်အကောင့်ကို လိမ်လည်သူများ၏ အန္တရာယ်မှ ကာကွယ်ရန် ပိုမိုစိတ်ချလုံခြုံမှုရှိအောင် တစ်ကြိမ်တစ်ခါပဲအသုံးပြုလို့ရအောင်ပြုလုပ်ထားသည့် လျှို့ဝှက်နံပါတ် အမျိုးအစားပဲဖြစ်ပါသည်။
OTP များကို SMS ပုံစံဖြင့် ကိုယ်ပိုင်မိုဘိုင်းဖုန်းများသို့ပေးပို့မည်ဖြစ်ပြီး မည်သည့်အခြေအနေမျိုးတွင်မဆို ဝေမျှခြင်းမပြုလုပ်ရပါ။
PIN/Password: ကိုယ်ပိုင်လျှို့ဝှက်နံပါတ် (PIN or Password) ဆိုသည်မှာ မိမိ KBZ Bank နှင့် KBZPay အကောင့်သို့ ဝင်ရောက်သည့်အခါတိုင်းတွင် KBZ Bank နှင့် KBZPayမှ မှန်၊မမှန်အတည်ပြုရန် အသုံးပြုသူမှ သတ်မှတ်ထားရမည့် လျှို့ဝှက်နံပါတ်အမျိုးအစား ဖြစ်ပါတယ်။
အကယ်၍တခြားသူတစ်ဦးမှသိရှိပါက PIN or Password ကိုချက်ချင်းပြောင်းရန်လိုအပ်ပါသည်။
PIN or Password အပြင် တခြားသောကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သည့်
- မှတ်ပုံတင်အမှတ်
- မွေးသက္ကရာဇ်
- ကဒ်နံပါတ်များ
*အထက်ပါအချက်အလက်များကို မည်သူ့ကိုမဆိုမျှဝေခြင်းမပြုရပါ။