လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်အသစ်_ ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်းနှင့် စာရင်းရှင်အပ်ငွေစာရင်း

ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့၏ ငွေကြေးကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန်နှင့် အပ်နှံထားသည့် ပမာဏအတိုင်း သတ်မှတ်ချက်မရှိပဲ လွယ်ကူစွာငွေ ထုတ်ယူနိုင်မည့် ငွေစာရင်းအကောင့်အသစ် အားမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ငွေစာရင်းအကောင့် ဖွင့်ရာတွင် –

  • ငွေစုဘဏ်အပ်ငွေစာရင်း (အမြင့်ဆုံးအတိုးနှုန်း တစ်နှစ်လျှင် ၁၀%)
  • ခေါ်ယူအပ်ငွေစာရင်း (အမြင့်ဆုံးအတိုးနှုန်း တစ်နှစ်လျှင် ၇%) နှင့်
  • စာရင်းရှင်အပ်ငွေစာရင်း သုံးမျိုးလုံးအား ဖွင့်လှစ်နိုင်မှာဖြစ်ပါသည်။

စာရင်းဖွင့်ရန် စတင်အပ်နှံငွေအား ငွေသားဖြင့်သာထည့်သွင်းနိုင်ပြီး ငွေသားအပ်နှံမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပါသည်။

 ငွေစာရင်းအကောင့်ဖွင့်ရန်  လျှောက်ထားနိုင်မည့်သူများမှာ

  • စီးပွါးရေးလုပ်ငန်းများ ( DICA နှင့် Non-DICA)
  • အဖွဲ့အစည်းများ (NGO, INGO နှင့် တက္ကသိုလ်များ)
  • လူပုဂ္ဂိုလ်တစ်ဦးချင်း – မြန်မာနိုင်ငံသားများ နှင့် မြန်မာနိုင်ငံတွင် တရားဝင်ဗီဇာဖြင့်နေထိုင်သော နိုင်ငံခြားသားများ

ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ

  • တစ်နှစ်လျှင် အတိုးနှုန်း သိန်း ၁၀,၀၀၀ နှင့်အထက် ၁၀%၊
    သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၉%၊
    သိန်း ၃,၀၀၀ အောက် ၈%
    (*စက်တင်ဘာလ ၁ ရက်၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်ပါသည်)
  • တံဆိပ်တုံးရိုက်နှိတ်ထားသော အထူး သတ်မှတ်ထားသည့် ဘဏ်စာအုပ်
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် KBZ mBanking အား ဖွင့်လှစ်ပေးခြင်း

 ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း၏ ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ

  • အတိုးနှုန်း သိန်း ၁၀,၀၀၀ အထက် ၇%
    သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၆.၅%
    သိန်း ၃,၀၀၀ အောက် ၆%
    *ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၅ မှ စတင်၍ အကျုံးဝင်ပါသည်
  • အထူး သတ်မှတ်ထားသည့် ဘဏ်စာအုပ်
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်း။

 ငွေစာရင်းအကောင့် – စာရင်းရှင်အပ်ငွေစာရင်း၏ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများမှာ

  • အပ်ငွေထည့်သွင်းလိုက်သည့် ပမာဏအလိုက် ကန့်သတ်ချက်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း(အနည်းဆုံး လက်ကျန်ငွေအားစာရင်းထဲတွင် ထိန်းသိမ်းထားရန်လိုအပ်ပါသည်။)
  • စာရင်းရှင်အပ်ငွေစာရင်းအကောင့်အသစ်မှ အခြားကမ္ဘောဇဘဏ်အကောင့်များကို အခမဲ့ ငွေလွှဲပြောင်းနိုင်ခြင်း
  • မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ငွေသားမလိုသည့် debit transaction များအား ပြုလုပ်နိုင်ခြင်း
  • Business Debit နဲ့ MPU ကတ်တို့အား အခမဲ့ထုတ်ပေးခြင်း
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်း

ငွေစာရင်းအကောင့် – ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း ဖွင့်ရာတွင် လိုအပ်သည့် စတင်အပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စာရင်းအမျိုးအစားစတင်အပ်နှံငွေအနည်းဆုံးလက်ကျန်ငွေ
ငွေစုဘဏ်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)၁၀,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
စာရင်းရှင်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း)၁၀,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
စာရင်းရှင်အပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ)၁၀၀,၀၀၀ ကျပ်၁၀၀,၀၀၀ ကျပ်
ခေါ်ယူအပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)၁၀,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
ခေါ်ယူအပ်ငွေစာရင်း  (စီးပွါးရေးလုပ်ငန်းများ)၁၀၀,၀၀၀ ကျပ်၁၀၀,၀၀၀ ကျပ်
ခေါ်ယူအပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ)၁၀၀,၀၀၀ ကျပ်၁၀၀,၀၀၀ ကျပ်

ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ငွေသားထုတ်ယူနိုင်သော ဘဏ်ခွဲများ



KBZ m/iBanking မှတဆင့် ချက်လက်မှတ်စာအုပ်များ လျှောက်ထားရယူခြင်း

စာရင်းရှင်အပ်ငွေစာရင်းများအတွက် ချက်လက်မှတ်စာအုပ်များကို Mobile နှင့် Internet banking မှတဆင့် အချိန်မရွေး၊ လွယ်ကူအဆင်ပြေစွာ လျှောက်ထားရယူနိုင်ပါသည်။

လျှောက်ထားပြီးသည့်နောက်တွင် ချက်စာအုပ်ကို –

  • ရန်ကုန်တိုင်းအတွင်းဖြစ်ပါက ငွေစာရင်းဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲတွင်ဖြစ်စေ၊ အိမ်တိုင်ရာရောက် အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ ထုတ်ယူ၊ ရရှိနိုင်သည်။
  • ကျန်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ဖြစ်ပါက ငွေစာရင်းဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲတွင် ထုတ်ယူနိုင်သည်။

စာအုပ်ရရှိရန်ကြာချိန်

ဘဏ်ခွဲတွင် စာအုပ်ထုတ်ယူရန်အတွက် လျှောက်ထားမှုအပြီး ရုံးဖွင့်ရက်တစ်ရက်အတွင်း ငွေစာရင်းဖွင့်လှစ်ခဲ့သော ဘဏ်ခွဲတွင် သွားရောက်ထုတ်ယူနိုင်သည်။ လျှောက်ထားချိန်သည် ရုံးချိန်ပြင်ပဖြစ်ပါက ဒုတိယမြောက်ရုံးဖွင့်ရက်တွင် ထုတ်ယူနိုင်သည်။

အိမ်အရောက်ပို့စနစ်အတွက် လျှောက်ထားမှုအပြီး ရုံးဖွင့်ရက်နှစ်ရက်အတွင်း ပေးပို့ပေးပါမည်။

ဝန်ဆောင်ခများ

MICR ချက်လက်မှတ်စာအုပ် – ချက်တစ်ရွက်လျှင် ၁၀၀ ကျပ်နှုန်း။

Non-MICR ချက်လက်မှတ်စာအုပ် – ချက်တစ်ရွက်လျှင် ၅၀ ကျပ်နှုန်း။

အခွန်တံဆိပ်ခေါင်းခ – ချက်တစ်ရွက်လျှင် ၅ ကျပ်နှုန်း။

မြို့နယ်အလိုက် ပို့ဆောင်ခ (အိမ်အရောက်ပို့စနစ်အတွက်သာ)။

*ဝန်ဆောင်ခနှင့် ပို့ဆောင်ခအပါအဝင် သက်ဆိုင်ရာ အခကြေးငွေများကို လျှောက်ထားသူ၏ အပ်ငွေစာရင်းမှ အလိုအလျောက် နုတ်ယူပါမည်။

စာအုပ်ကို Activate ပြုလုပ်ရန်  

စာအုပ်ရရှိပြီးနောက် KBZ m/iBanking မှတဆင့် “ Activate Cheque Book” သို့ ဝင်ရောက်ကာ တောင်းခံထားသော Cheque စာအုပ်ရှိ ပထမဆုံး Cheque စာရွက် နံပါတ်ကို ထည့်သွင်း၍ မဖြစ်မနေ Activate ပြုလုပ်ရန်လိုအပ်ပါသည်။



ငွေစာရင်းအကောင့်သစ်:ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်

အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်

အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

အသေးစိတ်သိရှိလိုပါက ၀၉ ၉၅၁၀၁၈၅၅၅ (သို့) ၈၅၅၅ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။